Extra (14) အခုချိန်မှ သူ့ကို အလိုလိုက်တာက နောက်တောင် ကျနေပီ

3.2K 342 4
                                    

29.6.2023 (Edited)

LiangHuai ရေချိုးပြီး ထွက်လာတော့ အခန်းထဲမှာ PeiXuan(ဖိန့်ရွမ်း) က အခန်းထဲမှာ ရှိနေတုန်း.
"ဘာလို့ အခန်းမပြန်သေးတာလဲ?? ပြောတော့ အိပ်ချင်နေပီဆို?"

LiangHuai က ဖိန့်ရွမ်း အတွက် ဟိုတယ်တစ်ခုထဲမှာပဲ အခန်း booking လုပ်ပေးထားတယ်..

"ညီမ က အကိုကြီး နဲ့ ခဏပဲဖြစ်ဖြစ် တူတူလေး နေချင်သေးလို့"
ဖိန့်ရွမ်း က LiangHuai ဖုန်းကို ထောင်ပြပီး -
"အစ်ကို့ ကို တစ်ယောက် ယောက်ဖုန်းခေါ်ထားတယ်"

"ဘယ်သူလဲ??"

ဖိန့်ရွမ်း က ခေါ်ဆိုသူမှတ်တမ်းကို ပြန်ကြည့်ပြီး နာမည်မှတ်ထားတာကို ဖတ်ဖို့ မရေမရာ ဖြစ်နေတယ်.. အေးစက်စက် နဲ့ သူမ အစ်ကို လို မျိုးက အဲ့လိုတွေလည်း ရတာပဲလား??
နောက်ပြီး တစ်ဖက်က ပြန်ဖြေတဲ့သူက ကောင်လေးအသံ.. အသံလေးက အတော်လေး နားထောင်ကောင်း၏...

ဖိန့်ရွမ်း က တော်တော်နဲ့ ပြန်မဖြေတာမို့ LiangHuai ကပဲ သူ့ဖုန်းကို ယူကြည့်လိုက်တော့ -
"အစ်ကို့ သူငယ်ချင်း ပါ"

"သူက အစ်ကို့အတွက် အတော်ကောင်းတဲ့ သူငယ်ချင်းပဲ ဖြစ်ရမယ်... အစ်ကိုရဲ့ သူငယ်ချင်းတွေကို ညီမလေး မသိရသေးဖူး... ဒီတစ်ယောက်နဲ့ကော ဘယ်တော့ မိတ်ဆက်ပေးမှာလဲ??"
ဖိန့်ရွမ်း က LiangHuai လက်မောင်းကိုတွဲခိုပြီး ချွဲတယ်...

LiangHuai က သူ့ညီမလေး ခေါင်းကို ခပ်ဖွဖွပုတ်ကာ -
"ရှေ့တစ်ရက် ရက် မိတ်ဆက်ပေးပါ့မယ်"

ဖိန့်ရွမ်း ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး LiangHuai ကို အနံ့တရှူံ့ရှူံ့ခံကာ -
"အစ်ကို့ နားက မွှေးနေတာပဲ.. ဘာရေချိုးဆပ်ပြာရည် သုံးထားတာလဲ??"

LiangHuai က ဖိန့်ရွမ်း အနားကနေ ခွါကာ -
"လူကြီးဖြစ်နေပီ ကလေးလိုတွေ လုပ်မနေနဲ့တော့"

"ဒီတစ်ယောက်က လူကြီးမဖြစ်ချင်တဲ့ ကလေးလေးတစ်ယောက်!!"
ဖိန့်ရွမ်း က LiangHuai လက်မောင်းကို ပြန်ဆွဲဖက်ပြီး နှုတ်ခမ်းဆူကာ ဂျီကျမြဲ...

LiangHuai ခေါင်းပဲရမ်းနိုင်ကာ အလိုလိုက် အလျော့ပေးရပြန်သည်...

"အစ်ကို.. အရင်တစ်ခါက ညီမလေး မိတ်ဆက်ပေးခဲ့တဲ့ တစ်ယောက်ကို သဘောမကျဖူးလား?? သူမ က အစ်ကို့ ကို ဆက်သွယ်ပေမဲ့ အစ်ကိုက လျစ်လျူရှူပစ်တယ်ဆို??"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now