Extra (26) တွေ့ကရာလူကို လိုချင်နေတာမဟုတ်ဖူး..

3K 282 5
                                    

20.7.2023 (Edited)

"ခများလက်ချက်မလား??!!"

"ဘာတွေပြောနေတာလဲ??"
LiangHuai အသံက တိုးဖျဖျနှင့်အက်ရှရှမို့ အခုမှ အိပ်ရာနိုးလာတဲ့ပုံပဲ..

LiangHuai အသံကိုကြားရတာနဲ့ YunJin အတွက်အမုန်းတရားတွေများလွန်းလှလို့ အံကိုကြိတ်ထားကာ -
"ဘယ်လိုယုတ်မာတဲ့နည်းလမ်းတွေထပ်လုပ်နေတာလဲ LiangHuai??? ကုမ္ပဏီက ရှယ်ယာရှင်တွေရဲ့ ရှယ်ယာတွေကို မင်းဝယ်ခဲ့တယ်!!"

"အွန်း..အဲ့တာ ကိုယ်ပဲ"
LiangHuai အသံက နှစ်ချို့နေတဲ့ ရေတွင်းထဲက ရေလို တည်ငြိမ်နေပုံများ ဘာလှုပ်ခတ်မှုမှမရှိ..

သူဖြစ်မယ်ဆိုတာ YunJin အတပ်သိခဲ့တာပေါ့..
အခု LiangHuai လက်ထဲမှာ သူ့ဆီကနေ ရခဲ့တဲ့ ရှယ်ယာ 18% ရယ်၊ ရှယ်ယာရှင်တွေဆီက ဝယ်ခဲ့တဲ့ 30% ကျော်ရယ် ပေါင်းရင် သူတစ်ယောက် ထဲနဲ့ ရှယ်ယာ တဝက်ကျော်လောက်ကို ကိုင်ထားနိုင်နေပီ...
အစတုန်းက ကွာရှင်းပြတ်ဆဲကြချိန် ရှယ်ယာတွေတောင်းခဲ့တာက ပိုက်ဆံမက်လို့ လို့ပဲ YunJin ထင်ခဲ့မိတာ... LiangHuai လိုချင်နေခဲ့တာက ပိုက်ဆံမှမဟုတ်ပဲ... ဒီကုမ္ပဏီတစ်ခုလုံးကို သူလိုချင်နေတာ...
အခုတော့ LiangHuai လိုချင်ခဲ့တဲ့ ပန်းတိုင်က ရောက်နေပီ...

YunJin သူ့ကို မုန်းလိုက်တာ -
"LiangHuai!!! ရွံစရာကောင်းလိုက်တဲ့ခွေးကောင်!!"

"ဖုန်းခေါ်တာ ကိုယ့်ကို ဆူဆဲ ချင်လို့ပေါ့???"
LiangHuai အသံက တည်ငြိမ်နေဆဲဖြစ်ပြီး သူ့ပုံစံက YunJin ဖုန်းဆက်လာမှာကို ကြိုသိပြီး အသင့်စောင့်နေသလိုမျိုးပဲ...

YunJin လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိတယ်... LiangHuai သာ အခုချိန် သူ့ရှေ့မှာရှိနေပါက ဒီလိုလူယုတ်မာကောင် တခြားသူတွေကို ဒုက္ခမပေးတော့အောင် ဓါးနဲ့ထိုးသတ်ပြီး ရှင်းလင်းပြီးပီ...
ပါး ရဲ့ ဘဝသက်တမ်း တစ်ဝက်ထိ ရင်းပြီး သွေးနဲ့ချွေးနဲ့ တည်ဆောက်ထားတဲ့ ကုမ္ပဏီဟာ သူ့ကြောင့်မို့ LiangHuai လက်ထဲ လွယ်လွယ်ကူကူရောက်ခဲ့ရသည်...
YunJin နောင်တတွေရတယ်... သူ့ကို နာကျင်အောင် ထပ်ခါတလဲလဲ လုပ်ခဲ့တဲ့သူကို သူဘာလို့ ခဏခဏ ယူံကြည်ပေးမိခဲ့တာလဲ!!!
YunJin သေချာစဉ်းစားကြည့်တော့ LiangHuai က ဒါတွေအကုန်လုံးကို ဟိုးနှစ်တွေအကြာကြီးကတည်းက သေချာအကွက်ချစီမံခဲ့တာ...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now