Extra (17) Sweet

2.8K 304 14
                                    

5.7.2023 (Edited)

((ချိုမြိန်ခြင်း))

LiangHuai နှင့်အတူ ဖိန့်ရွှမ်း ညစာ စားဖို့ဆင်းခဲ့ရင်း YunJin ပါ သူတို့နှင့်အတူ ညစာ စားမည့်အကြောင်း အသိပေးလာတော့ ဖိန့်ရွှမ်း စိတ်ထဲ သိပ်မပျော်တော့ဖူး...
ပိုဆိုးတာက YunJin ရဲ့ လက်ချောင်းပေါ်မှာရောက်နေတဲ့ သံချောင်းလက်စွပ်ကိုမြင်ပြီးချိန်မှာပေါ့...
ဒီသံချောင်းပုံလက်စွပ်က သူမ အစ်ကို အတွက် ဘယ်လောက်အရေးကြီးလဲ ၊တန်ဖိုးထားလဲ ဆိုတာ သူမ အသိဆုံးပဲ... သူမ အစ်ကို က အဲ့လက်စွပ်လေးကို သူသွားလေရာ ယူသွားတာ..
လွန်ခဲ့တဲ့ ၃နှစ်တုန်းက သူမ အစ်ကို ဒီလက်စွပ်လေးကို လုပ်ပြီးသွားတဲ့အချိန် သူမ ကောက်စွပ်ကြည့်တော့ လက်စွပ်က သူမ နဲ့ လုံးဝ မတော်..
စပ်စုချင်လာတာနဲ့ ဒီလက်စွပ်လေးက ဘယ်သူ့အတွက်လဲလို့ မေးကြည့်တော့ -
"အစကတော့ တစ်စုံတစ်ယောက်အတွက်ရည်စူးခဲ့တာ... အခုတော့ ကံကြမ္မာက မျက်နှာသာ မပေးတော့ဖူး"

ဘယ်သူ့အတွက်လဲ ဆိူတာ ဖိန့်ရွှမ်း အတော်သိချင်ခဲ့ပေမဲ့ LiangHuai က ဘာမှထပ်မပြောတာမို့ ဖိန့်ရွှမ်း လည်း မသိသလို နေပေးခဲ့ရသည်...

အခုတော့...အဲ့လက်စွပ်က ဘာလို့ YunJin ရဲ့ လက်မှာ ရောက်နေရတာလဲ??
ပြီးတော့...ကွက်တိလည်းကျနေသေးတယ်???

ဖိန့်ရွှမ်း ထင်ခဲ့တာက သူမအစ်ကိုနဲ့ YunJin က ဒီအတိုင်းအပျော်တမ်းခဏတာ သာယာမှု ရှာနေကြတယ်လို့ပေါ့...
သူမ အစ်ကိုက သူအမြတ်တနိုးအမြဲသိမ်းထားခဲ့တဲ့ လက်စွပ်ကိုတောင် YunJin ကို စွပ်ပေးလိုက်ပီ!! သူမအစ်ကို က ဒီတစ်ယောက် အပေါ်မှာ အတည်ကြံနေတာပဲ!!!

"ဒီအနီးအနားမှာ HopPot ဆိုင်တစ်ဆိုင် ရှိတယ်... အရသာအတော်လေးကောင်းတယ်ဆိုပဲ... ဘယ်လိုလဲ? ညနေစာ hotpot လေး စားကြမလား?"
YunJin ဟော့ပေါ့ အရမ်းကြိုက်မှန်း LiangHuai သိတယ်လေ..

"အိုခေ!!!"
YunJin က လက်၂ဖက် ထောင်ပြီးကို သူ သဘောတူကြောင်းပြတယ်... ဒီနားက ဟော့ပေါ့ဆိုင်က အရသာကောင်းပြီး စီချွမ်း၊ ချုံချင်း အစပ်အရသာတွေ အကုန် ရတယ် ဆိုတာ YunJin ကြားဖူးပြီးကတည်းက အရမ်းတွေ သွားစားချင်နေခဲ့တာ!! အခု LiangHuai ပြောလာတော့ သရေတွေတောင် ကျချင်နေပီ!!

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now