Chapter 105

3.7K 367 4
                                    

18.6.2023(Edited)

Chapter 105 : Mr. Ji က နူးညံ့ပီး ချစ်ဖို့ ကောင်းတယ် ...

အရင်တုန်းကလိုဆိုရင် FuShiWen ရဲ့ ဒီပုံစံကို မြင်ရရင် လုံးဝ ပျော့ကျသွားခဲ့မှာပဲ... အခု JiKe ကတော့ -
"ဒီတော့ မစ်စတာFu...စကားပြောတာ ကော်လံကို ဆောင့်ဆွဲဖို့အထိ လိုတယ်လား?"

FuShiWen တချက်တော့ အမူအရာပျက်သွားပေမဲ့ -
"အားယွီ....YunJin ရဲ့ ကော်လံမှာ ဆီပေနေလို့ ကိုယ်က ဆွဲယူပီးကြည့်ပေးတာပါ...မယုံရင် YunJin ကို မေးကြည့်လို့ရတယ်"
"ကိုယ် တကယ် သူ့ကို မနိုင်စားရပါဖူး"

FuShiWen က ကျမ်းကျိန်သလိုတောင် လုပ်ပြောနေတော့ JiKe က အသေအချာ ကြည့်ပီး -
"ဒါဆို ကျွန်တော် က မစ်စတာFu ကို မှားယွင်းစွပ်စွဲမိတယ်လို့ ဆိုလိုချင်တာလား?"

"အာ ဟာ.."
FuShiWen က လေးလေးနက်နက် ခေါင်းငြိမ့်ပြပီး -
"ထူးဆန်တယ်လို့ မထင်ဖူးလား??YunJin က အားယွီအပေါ် ဘာအမှားမှ မလုပ်ထားပဲနဲ့ ကိုယ်ကသူ့ကို ဘာလို့ အနိုင်ကျင့်ခြိမ်းခြောက်ရမှာလဲ?"

ဝရန်တာမှာ YunJin ရဲ့ ကော်လာကို FuShiWen ဆောင့်ဆွဲထားတာကိုသာ JiKe ကိုယ်တိုင်မမြင်ခဲ့ရင် FuShiWen ကို သူ စွပ်စွဲရဲမှာလည်း မဟုတ်သလို၊ ဒီစကားတွေကိုလည်းယုံကြည်နေမိအူးမှာပဲ...
JiKe ကအေးစက်စက်အကြည့်လွှတ်ပီး -
"မစ်စတာFu အိမ်သော့အတွက် သော့ကုမ္ပဏီကို လှမ်းခေါ်ပေးရမလား?"
"အဲ့သလိုဆို အမ Zhang ပြန်လာတဲ့အထိ ဒုက္ခခံစောင့်နေစရာလည်းမလိုတော့ပဲ အိမ်ထဲ တိုက်ရိုက်ဝင်သွားလို့ရပီလေ"

FuShiWen က သနားစရာမျက်လုံးရွဲကြီးတွေနဲ့ JiKe ကိုကြည့်ပီး -
"အားယွီ...ကိုယ်...ကိုယ် ရုတ်တရက်ကြီးဗိုက်နာလာလို့"

"ဒါဆို ဆေးရုံလိုက်ပို့ရမှာလား?"

FuShiWen က ခေါင်းကို ခပ်သွက်သွက်ခါပြပီး -
"ဟင့်အင်း...မလိုဖူးရယ်...တရေးလောက်အိပ်လိုက်ရင် ကောင်းသွားမှာ... မင်းကို အနှောင့်အယှက်မဖြစ်စေပဲ ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်နော်"

JiKe သူ့မျက်ခုံးတွေကို ပွတ်လိုက်ပီး -
"ခများ စိတ်ကြိုက်သာလုပ်ပါ"
အသက်ကဖြင့်ဒီလောက်ကြီးနေပီး ဒီလို ကလေးကုလားဆန်တဲ့ ဆင်ခြေတွေထုတ်သုံးနေတုန်းပဲလား ခများကြီးရယ်!!

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now