" မင်း နောက်ကျလိုက်တာ ငါ မင်းကို မှာထားလျက်နဲ့"

" လာရမှာပေါ့၊ သေချာပေါက်ကျွန်တော်က အစ်ကို့အတွက် အကောင်းဆုံးကြင်ရာဖက်ရတော့မှာမို့ လာဂုဏ်ပြုပေးတာ"

ဟန်လင်းညို၏မျက်နှာညှိုးနွမ်းသွားပြီး စက္ကကို စိတ်မကောင်းသလို ငေးကြည့်နေသည်။ မိုးသားနွယ်နှင့် မိဘများကလည်း အနားရောက်လာကြပြီး ဟိုဘက်ဝိုင်း၌ ထိုင်နေသောဒေါ်မမနိုင်ကလည်း ဒေါ်မေခ၏ဘေးကို ရောက်လာသည်။

" သူငယ်ချင်းတို့ တို့မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါ တို့သားကြီးစက္ကမင်းမြတ်တဲ့"

" ဟင် တကယ်လား မေခ"

မိုသားနွယ်အပါအဝင် ဒေါ်မေခ၏သူငယ်ချင်းတွေအားလုံး အံ့သြသွားကြပြီး မျက်နှာမကောင်း ဖြစ်သွားကြသည်။ အထူးသဖြင့် စက္ကက မည်သူမှန်း၊ မည်သည့်အလုပ်လုပ်မှန်း သူတို့သိသည်မို့။ မိုးသားနွယ်သည် ဒေါ်မေခအား ရွံရှာသလို ကြည့်လိုက်ပြီး စိတ်ထဲမှ ကြိတ်လှောင်လိုက်သည်။ ဘယ်လိုသားတွေကို မွေးထားတာလဲ။

အားလုံးငြိမ်သွားကြ၍ ဒေါ်မမနိုင်က ရယ်ချလိုက်ပြီး အခြေအနေကို ဝင်ထိန်းလိုက်သည်။

" မင်းတို့ကလည်း ဘာလို့ငြိမ်နေတာလဲ၊ မေခ သားကို ပြန်ရှာတွေ့တာ ဂုဏ်ပြုပါတယ်"

ထိုအခါမှ အားလုံးကလည်း အားနာပြုံးပြုံးသွားကြသည်။

" ကဲ အဲ့တာဆို မေခ နင် မမနိုင်နဲ့အတူ ထိုင်လိုက်ပါလား"

ဟန်လင်းညို၏အဖေကလည်း ဒေါ်မေခထိုင်ဖို့ ဝိုင်းကို ညွှန်ပေးပေမဲ့ မေခက ဤနေရာမှမသွားဘဲ ဆက်ရပ်နေလျက် အားလုံးကို ပြုံးကြည့်နေလေသည်။ ဟန်လင်းညိုနှင့် မိုးသားနွယ်ကလည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်။

" မေခ ဘာလို့"

" သား လုပ်စရာရှိတာလုပ်"

ထိုအခါ စက္ကသည် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး အစ်ကို့လက်အား ဖမ်းဆွဲကာ ခန်းမထဲမှ ဆွဲခေါ်၍ ပြေးထွက်သွားတော့သည်။ အစ်ကို့ခမျာ အနောက်မှ ကြောင်ကြောင်လည်လည်ဖြင့် ​ယက်ကန်ယက်ကန် ပါလာတော့၏။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now