" နင် အခုလိုလုပ်နေတာ နေခမင်းမြတ် သနားပါတယ်၊ သူ့ခမျာ နိုင်ငံကျော်မင်းသားတစ်ယောက်ရဲ့မာနလည်း မြောင်းထဲရောက်နေပြီ၊ နင် သည်လိုဆက်လုပ်နေရင် ထိခိုက်မှာက သူ့အမေမဟုတ်ဘူးနော်၊ နေခမင်းမြတ်ပဲ"

" ကျွန်တော် ဘာဆက်လုပ်ရမလဲ၊ ကျွန်တော်...သူ့ကို အထိခိုက်မခံနိုင်ဘူး၊ အဲ့တာကြောင့် သူ့ကို အနားခေါ်မထားတာပေါ့"

" နင် သူနဲ့ ဝေးနိုင်လား"

" ဟင့်အင်း...ဒါပေမဲ့...ကျွန်တော့်လို လူနဲ့ သူ ပတ်သက်ရင် ထိခိုက်မှာ"

" အဲ့တာဆို ဘာလို့ နင်အစက သူ့ကို လက်ခံခဲ့သေးလဲ"

ထိုအခါ ထက်ဦးခန့်သည် တိတ်ဆိတ်သွားပြီး အပြစ်ရှိသူတစ်ယောက်လို ဒေါ်ပိုးနီရှေ့၌ ခေါင်းတောင်မဖော်နိုင်တော့ချေ။

" သူ့ကို ထိခိုက်စေချင်လို့မလား၊ သူ့အမေကို စိတ်ဆင်းရဲစေချင်တယ်၊ သူ့သားက သည်လိုလူမျိုးဆိုပြီး သူ့အမေကို အရှက်ကွဲစေချင်တာမလား၊ ဟင်း..."

သို့ဖြစ်ရာ ဒေါ်ပိုးနီမှာ သူ့ဘာသာသူ ပြောပြီး သူဘာသာသူ သက်ပြင်းချမိသည်။ ထက်ဦးခန့်လို လူမျိုးက အချစ်နွံထဲရောက်သွားလိမ့်မည်ဟု သူ ယခုထက်တိုင် မယုံနိုင်သေးပေ။

" အခု သူလည်း နင့်ကြောင့် အတော်ထိခိုက်နေပြီ၊ နင့်အနားမှာ ဆက်မနေတော့ရော သူ အဆင်ပြေမယ်ထင်လား"

ဒေါ်ပိုးနီ၏စကားများကို ကြားလျှင်ကြားချင်း ထက်ဦးခန့်ဟာ ချက်ချင်းခေါင်းပြန်မော့လာပြီး သူ့အရှေ့မှ ဘီယာဘူးကို ကောက်ကိုင်၍ မော့ချလိုက်သည်။

" နင် အဲ့တာတွေ တစ်နေကုန်သောက်နေမှာလား"

" အင်း"

နောက်ဆုံးတော့ ထက်ဦးခန့်ကို ထိန်းနိုင်မဲ့တစ်ဦးတည်းသောလူကို သူ သတိရသွားပြီး ထက်ဦးခန့်ရှေ့မှ ရှောင်ထွက်လာ၍ ဖုန်းခိုးဆက်လိုက်သည်။

" ဟယ်လို ... နေခမင်းမြတ်လား"

" ......"

" တို့က ပိုးနီ ၊ ထက်ဦးခန့်ရဲ့အလုပ်ရှင်၊ မင်းရဲ့ထက်ဦးခန့်က အခုတို့နဲ့အတူရှိနေတယ်"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now