" ပေါက်ကရတွေ..."

" ဟာ...မောင်ကလည်း၊ အခု မောင်နဲ့ ငါ လုပ်ငန်းသဘောဆွေးနွေးနေတာ၊ ငါက အလုပ်ရှင်၊ မောင်က အလုပ်သမားဖြစ်သွားပြီ၊ ကဲ မောင် လက်ခံလား"

" လက်မခံဘူး"

" တကယ်လား"

" အင်း"

" ဟုတ်ပြီလေ၊ မောင် ခဏစောင့်"

ထိုအခါ နေခသည် မောင့်ရှေ့မှ ထထွက်လာလိုက်ပြီး ကိုကြီးစက္ကကို သွားရှာလိုက်၏။

စက္ကသည် ဆိုင်အပြင်မှာ ထိုင်နေတုန်း ဟန်လင်းညို၏ကားဝင်လာတာကို လှမ်းတွေ့လိုက်ရသည်။

" အဟက်...မနေနိုင်ဘဲနဲ့များ"

စက္ကလည်း ဟန်လင်းညိုလာသည့်ဘက်ကို မျက်နှာလွှဲထားလိုက်သည်။ အနားကို လာရပ်သောခြေတစ်စုံကို သတိထားမိပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်သည်။

" စက္က"

ဟန်လင်းညိုသည် သူ့အရှေ့မှာ ဝင်ထိုင်သည်။ ထို့နောက် သူ့မျက်နှာကို စိုက်ကြည့်နေတာ စက္ကသိပေမဲ့ ဆက်လျစ်လျူရှုထားလျက်။

" စက္က ဟိုနေ့က ကိစ္စအတွက် မင်းကို ငါ တောင်းပန်ပါတယ်ကွာ...တကယ်တော့ မင်းလည်း မှားတာပဲမလား၊ မင့်စိတ်ထဲ သူက အဆင်မပြေနေရင်တောင် သူ့ရှေ့မှာတော့ မပြောသင့်ဘူးလေ၊ ငါလည်း မျက်နှာပျက်ခဲ့ရတာပဲ"

" မသိဘူး၊ အဲ့တာ ခင်ဗျားတို့ကိစ္စ၊ သူ့ကိုပဲ သွားတောင်းပန်လိုက်ပါ"

မသိစိတ်က အရွဲ့တိုက်ချင်နေသည်ကလည်း မထိန်းချုပ်နိုင်။

" ဟို...မင်းကလည်းကွာ"

" ကိုကြီးစက္က ဟင် ဒေါက်တာ"

" နေခပါလား"

" အမ်"

ဤအခြေအနေကြောင့် စက္ကလည်း အံ့သြသွားသည်။ ညီလေးနှင့် သည်လူက သိနေတာလား။

" ဒေါက်တာ ဘယ်လိုလုပ် သည်ကို"

" ဟို...သည်လိုပဲ စက္ကဆီ လာတာ"

" ဪ"

" နေခကရော"

" ကျွန်တော်လည်း သူငယ်ချင်းဆီ လာတာ"

" ညီလေးက သူနဲ့သိတာလား"

" ဟုတ် ကိုကြီး၊ ဒေါက်တာက ကျွန်တော်တို့မိသားစုဒေါက်တာလေ"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now