" မောင် သိလား၊ ငါ ပျင်းလာပြီ"

" အင်း"

" တကယ်နော်"

" အင်း"

" ဒါဆို အခုပဲ သွားကြမယ်၊ အဝတ်အစားလဲ"

အဝတ်အစားလဲပြီး နှစ်ယောက်အတူ ရုပ်ရှင်ရုံသို့ သွားကြသည်။ ပိတ်ရက်မဟုတ်တော့ လူလည်း နည်းသည်။ အတွဲခုံလက်မှတ်ကို ယူလိုက်ပြီး အထဲကို ဝင်လိုက်တော့ အေးခနဲ။ ထို့ကြောင့် နေခလည်း မောင့်လက်မောင်းကို ဖက်ထားလိုက်သည်။

သရဲကားယူလိုက်သည်က နေခ၏အကြံ ဖြစ်သည်။ တစ်ချိန်လုံး ကြောက်တယ်ဆိုပြီး မောင့်ရင်ခွင်ထဲ ဝင်နေရမည်။ ကိုယ့်အကြံနှင့်ကိုယ်ကတော့ ဟုတ်နေတာပဲ။ ရုပ်ရှင်စမပြခင် အချိန်ထိပေါ့။

" အား!!!"

သရဲက ရုတ်တရက် ဘွားခနဲထွက်လာတော့ နေခသည် ထိတ်ခနဲလန့်သွားပေမဲ့ ဘေးက မောင့်အော်သံအကျယ်ကြီးကြောင့် ပိုတောင်လန့်သွားရသည်။ ကိုယ်တိုင်က ရုပ်ရှင်ရိုက်လာသည်မို့ ရုပ်ရှင်ကို ရုပ်ရှင်ဟုသာ မြင်သည်။ မကြောက်တတ်။ မောင့်ကို ကြည့်လိုက်တော့ စောနက အော်လိုက်တာ သူမဟုတ်သည့်အတိုင်း မျက်လုံးမှိတ်ထား၏။ အရှေ့မှလူတွေက မောင့်ကို လှည့်ကြည့်လာတော့ နေခ ရယ်လိုက်သည်။

" မောင် သရဲကြောက်တတ်တာလား"

နေခက မောင့်အနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်သော​အခါ နေခဆီ မောင့်မျက်စောင်းက ဒိုင်းခနဲ ရောက်လာ၏။

" မကြောက်ဘူး"

" ဒါဆို ဘာလို့ မျက်လုံးကြီးမှိတ်ထားတာလဲ၊ ဖွင့်ကြည့်လေ"

နေခစကားကြောင့် မောင့်မျက်လုံးတွေ ဖွင့်လျက် ပြန်ကြည့်နေသည်။ နေခက ဘေးချင်းကပ်စိုက်ကြည့်နေတာ မြင်တော့ မောင်က ရုပ်ရှင်ကို ဆက်ကြည့်သည်။ သရဲပေါ်လာခါနီး တီးလုံးသံပေါ်လာတော့ မောင့်ကိုယ်လေးသည် မသိမသာတုန်လာတော့၏။

" အား!!"

" ဟားဟားဟား"

မောင်အော်တာကို ကြည့်ပြီး နေခရယ်လိုက်သည်။ မောင်ကတော့ အနည်းငယ်ရှက်သွားသည့်ပုံ ရသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now