" မား ဟို..."

" နေဦး၊ အခု ဘယ်သူနဲ့ရှိနေတာလဲ၊ မှန်မှန်ပြောစမ်း"

" သားက ခက်ဇော်နဲ့..."

" မလိမ်နဲ့၊ အခုလေးတင် ငါ ခက်ဇော်နဲ့ ဖုန်းပြောပြီးပြီနော်၊ မင်း အခုဘယ်မှာလဲ"

" အင့်...သား အမှန်အတိုင်းပြောရင် မား ဆူမှာလား အင့်"

" မဆူဘူး ပြော"

" ဟို...ထက်ဦးခန့်နဲ့ အတူရှိနေတာ"

" အေး လိပ်စာပြော၊ ငါ အခုလာခေါ်မယ်"

" ဗျာ...မား၊ မပေးဘူး၊ သွား လာမခေါ်နဲ့၊ သား မောင်နဲ့အတူ ရှိနေတယ်၊ စိတ်ချလိုက်နော် မား၊ သား အပြင်တွေလျှောက်မသွားဘူး၊ မောင့်အနားမှာပဲ လိမ်လိမ်မာမာ ရှိနေမယ်။ အခြေအနေတွေ ငြိမ်ရင် သား ပြန်လာခဲ့မယ်နော်၊ နော် ဒါပဲနော်၊ မား တာ့တာ အများကြီး ချစ်တယ်"

တီ.....

ပြောချင်တာတွေ ဆက်တိုက်ပြောပြီး ဖုန်းကို အမြန်ချလိုက်ရသည်။ မား၏အော်သံကို မခံနိုင်ပါ။

ဟိုဘက်က ဒေါ်မေခမှာတော့ သားဆီက ကြားရသောစကားကြောင့် သွေးတက်နေပုံကို နေခမင်းမြတ် တစ်ယောက်တော့ မသိပါ။

/~/

" သည်မှာ နေခမင်းမြတ်က နိုင်ငံကျော်မင်းသားနော်၊ သည်လိုအဆင့်အတန်းမရှိတဲ့နေရာကို သွားစရာ အကြောင်းမရှိဘူး၊ နောက်ပြီး အဲ့သည့်ပုံ မတက်လာခင်ကတည်းက သားက ရှူတင်ပြီးပြီးချင်း ညတွင်းချင်းဘန်ကောက်ကို သူ့မန်နေဂျာနဲ့ ထွက်သွားခဲ့တာ၊ သည်လို မတိကျဘဲ စွပ်စွဲတဲ့သဘောပြောနေမယ််ဆိုရင် ရှင်တို့ကို တရားစွဲရလိမ့်မယ်နော်"

Media တစ်ခုက တက်လာသောသတင်းများနှင့်အတူ အမေ၏ဖြေရှင်းချက်ကိုပါ စက္က နားထောင်နေခဲ့သည်။ ဆက်မကြည့်ရဲတော့လောက်အောင် ဝမ်းနည်းမှုတွေရော၊ သိမ်ငယ်စိတ်တွေပါ ဝင်လာမိသည်။

သားရှိနေသည့်အရပ်က အမေ့အတွက် တကယ်ပဲ အဆင့်အတန်း မရှိတာလား။ သည်လိုသားမျိုးကို မွေးထုတ်ခဲ့မိတာသာ အမေသိခဲ့လျှင် အလွန်စိတ်ပျက်ရမှာပဲ။ သားက အမေ့အတွက် သိက္ခာကျစေမည့်သားမျိုးမို့ တစ်သက်လုံး အမေ့ကို အမေလို့ ထုတ်တောင် မခေါ်ရဲတော့ပါ။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin