// အိပ်ပျော်နေရင်တော့ ငါ မနာကျင်တော့လောက်ဘူးမလား မောင်၊ ဒါပေမဲ့ မောင့်ကိုချစ်ရတာ ပင်ပန်းတယ်လို့တော့ တစ်ခါမှ မယူဆဖူးဘူး//

သို့ပေမဲ့ အိပ်ပျော်ခါနီးဆဲဆဲတွင် ခန္ဓာကိုယ်ပေါ်လွှမ်းခြုံလာသော စောင်ထူထူလေး၏အထိအတွေ့ကြောင့် ပြုံးလိုက်မိသေးသည်။

// မောင် ငါ့ကို တစ်ချိန်သေချာပေါက်ပြန်ချစ်လာမှာပါ၊ ငါကလည်း ချစ်အောင် လုပ်မှာမို့//

မောင်လွှမ်းခြုံပေးခဲ့သောအနွေးဓာတ်ကြောင့် အချိန်ကြာမြင့်စွာ အိပ်ပျော်သွားခဲ့သည်ထင်ပါရဲ့။ မောင့်လက်ဖျားလေးတွေနှင့် ထိတွေ့ခြင်းခံလိုက်ရပြီးမှ လူက နိုးလာသည်။

" ဟင် မောင်"

" ထတော့၊ ညစာစားရအောင်"

" အွန်း"

ခေါက်ခုံလေးတစ်ခုပေါ်၌ တင်ထားသော အသီးအရွက်ကြော်တွေ၊ ဆီပြန်ဟင်းတွေက မောင် ဘယ်က သွားဝယ်လာတာပါလိမ့်။ ပုံမှန်ဆို သည်လိုဆိုင်တွေက မစားတတ်သည့်သူက မောင် ဝယ်ပေးထားတာဆိုတော့လည်း သဘောကျသည်။

မောင်က ထမင်းပူပူတွေကို သူ့ပန်းကန်ထဲသို့ ခပ်ထည့်ပေးသည်။ ဆိုင်က ဝယ်လာတာပေမဲ့ ဟင်းတွေကသူ့ပါးစပ်ထဲ ခံတွင်းတွေ့လှသည်။

" မောင် ဒါတွေ ဘယ်က ဝယ်လာတာလဲ"

" ချက်ထားတာ"

" ဟင် မောင်"

အသားတုံးကို ဖဲ့ရင်း မောင့်ကို အံ့သြမှုအစုံနှင့် ပြန်မော့ကြည့်မိပြန်သည်။ သည်ဟင်းတွေက မောင်ကိုယ်တိုင် ချက်ထားတာတဲ့လား။ မောင့်လက်နှင့် ကိုယ်တိုင်ဖန်တီးထားခြင်းခံရသောဟင်းတွေကတောင် သူ့အတွက် အလွန်အရသာရှိလှသည်။

" ဟင်း...နေခမင်းမြတ်တို့ကတော့ တကယ်ကံကောင်းတာပဲ၊ သည်လို ချက်တတ်၊ ပြုတ်တတ်၊ အချုပ်အလုပ်တော်တဲ့ မိန်းမမျိုးရထားတာလေ၊ ခွီး..."

အားရပါးရရယ်နေသောသူ့ကို မောင်က မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာမြင်မှ သူ မျက်နှာပိုးသတ်လိုက်သည်။

" အဟမ်း!"

ချောင်းဟန့်လိုက်ပြီး ထမင်းဆက်စားနေတော့ မောင့်ဆီက အသံထွက်လာသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now