အချပ်ပို(၂)

Start from the beginning
                                    

"လေးစားတယ် မင်းတို့ကိုတော့လေးစားတယ်ဟေ့. ."

ဝမ့်သာမှာ တိုးကပ်ကြည့်ပြီး စုတ်တသပ်သပ်နဲ့ရှိရ၏။

"ဥစ္စာအတွက်အသက်လုကြမယ့် ချင်းဟွာရဲ့နှစ်ထပ်ကွမ်း ထူးချွန်တဲ့သူရဲကောင်းတွေပါပဲ။ မင်းတို့နှစ်ယောက်ဒီလောက်တော်တက်နေမှတော့လည်း ငါတစ်သက်လုံးအမွှမ်းတင်ပေးနေပါ့မယ်။"

ဟယ့်ကျောင်းက ရယ်လျက် ဝမ့်သာအားတစ်ချက်လှမ်းရိုက်ပစ်လိုက်သည်။

"မင်းကရောဘာဖြည့်တာလဲ?"

"မင်းမှန်းကြည့်?"

ဝမ့်သာနှင့် ကျန်လူအများစုမှာ အကုန်အတူတူပင်ဖြစ်သည်။ အိမ်နဲ့နီးသည့် Aမြို့အနီးကတက္ကသိုလ်တစ်ခုကို ဖြည့်လိုက်ကြသည်သာ။

ရှဲ့ယွီသည် ကြည့်လိုက်ရင်းမှ ထိုအလုပ်ကဝမ့်သာနဲ့အတော်လေးကိုက်ညီကြောင်းတွေ့၍ စနောက်လိုက်ပါ၏။

"အာ ပါပါရာဇီပဲ။"

ဝမ့်သာ : "ငါ့ဒီဟာက မီဒီယာသတင်းထောက်ကွ!"

ခြေဖဝါးအောက်က ခြေလှမ်းတစ်လှမ်းတိုင်းက မြဲမြံမှုရှိကာ သူတို့တစ်စုရဲ့ ရှေ့အနာဂတ်ခရီးလမ်းကလည်း တဖြည်းဖြည်းရုပ်လုံးပေါ်ထင်ရှားလာခဲ့လျက်။

အထက်တန်းတတိယနှစ်စတက်စဉ်က ဝေဝါးခဲ့မှု ၊ ဘာလုပ်လို့လုပ်ရမှန်းမသိရှိမှု ဒါ့အပြင်ဘာရုပ်လုံးမှမပေါ်သေးသည့်အနာဂတ်. . .  . . . စသည်ရင့်ကျက်မှုမရှိသေးသည့်စိတ်တို့က အရွယ်ရောက်လာတဲ့လမ်းတစ်လျှောက် သိမ်းဆည်းထားဖို့ထိုက်တန်တဲ့ အဖိုးတန်ကလေးများပင်ဖြစ်ပေသည်။

ရှဲ့ယွီ စိတ်ထဲတွေးကြည့်မိရ၏ ၊ သူနဲ့ဟယ့်ကျောင်းသာမက အခန်း(3)ကလူတစ်စုလုံးပဲ တူညီတဲ့ထိုလမ်းပေါ်သို့ရောက်ခဲ့ကြသည် ၊ စိတ်ရင်းစစ်မှန်ဖြင့် ကျေးဇူးတင်ရမည်သာ - အဲ့တုန်းက လဲကျဖူးခဲ့လို့တော်သေးတာပေါ့။

တော်သေး အဲ့တုန်းကလဲကျခဲ့ဖူးလို့။

ခဏမျှတုံ့ဆိုင်းလို့ အနည်းငယ်လမ်းလွှဲလျှောက်မိခဲ့၍သာ ထိုမြင်ကွင်းမျိုးကိုမြင်တွေ့ခဲ့ရခြင်းပါပေ။





ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now