အခန်း(၁၀၇)

7.9K 1.5K 82
                                    

伪装学渣
Wei Zhuang Xue Zha



UNICODE

အထက်တန်းတတိယနှစ် အခန်း(3)


ထိပ်ဆုံးစာမေးပွဲခန်းရဲ့ဝန်းကျင်အနေအထားနှင့် စာညံ့သူများစုဝေးရာနေရာမှာဆို မိုးနဲ့မြေလို့ကွာခြားလှ၏။

ဘယ်သူမှစုပြီး စာခိုးချမယ့်နည်းတွေတိုင်ပင်နေကြတာမရှိသလို အဖြေရောင်းတာမျိုးတွေလည်းမရှိ။ ရသလောက်တစ်မိနစ်တစ်စက္ကန့်မှာပဲ စာအုပ်လှန်ကာ တစ်စက္ကန့်ပဲကျန်ပါစေဦး အချိန်လုလို့ အင်္ဂလိပ်စာဝေါဟာရနှစ်လုံးလောက်ပိုကြည့်လိုက်ကြမည့် ဟိုက်ပါကြီးများသာလျှင်ရှိလေသည်။

ရှဲ့ယွီတစ်ယောက် တံခါးတွန်းဖွင့်လိုက်သည့်တဒင်္ဂမှာပဲ မှင်တက်ကြောင်အသွားခဲ့ရသည်။

ဟယ့်ကျောင်းက နောက်ကနေလျှောက်လို့လာသည်။

လူပုံက အေးအေးလူလူ ၊ အနက်ရောင်မင်စိုဘောပင်အား ကျောင်းအင်္ကျီအိတ်ကပ်ထဲ ဖြစ်သလိုထည့်ထားလျက် စာမေးပွဲလာရောက်ဖြေဆိုမည့်ကျောင်းသားပုံစံနှင့်လားလားမျှပင်မတူ။

စာသင်ခန်းအပေါက်ဝသို့လျှောက်မသွားသေးဘဲ ပြတင်းပေါက်ကိုမှီကာ အတန်းထဲကသူစိမ်းကျောင်းသားများကို 'သူငယ်ချင်းတို့ မင်္ဂလာပါ' ဟုပင်နှုတ်ဆက်လိုက်သေး၏။

ရွှဲရှီရှိန်းကလွဲလို့ တစ်ခန်းလုံးမည်သူမှအသံမထွက်ရဲကြ—-  —- အခန်း(3)ကရွှယ်ဝေမှာ ပထမRollက ခုံနံပါတ်(၆)တွင်ထိုင်လျက်ရှိသည်။ သူသည်ကား အဆင့်အရမ်းကောင်းတော်နေတာမဟုတ်ပေမယ့်လို့ အဆင့်ကအလွန်ငြိမ်ပြီး ဖြေတိုင်းTop 10အတွင်းတော့အမြဲဝင်ရောက်လေသည်။

ရွှဲရှီရှိန်းက မျက်မှောင်ကြုတ်လျက် အင်္ဂလိပ်စာဝေါဟာရလက်ကိုင်စာအုပ်လေးထံမှ ခေါင်းမော့လာ၏။

"ကျောင်းသားဟယ့်ကျောင်း ၊ တစ်ဆိတ်လောက် တိတ်တိတ်လေးနေပေးပါ။"

ဟယ့်ကျောင်းက အိုခေဟုလက်သဏ္ဌာန်ပြန်ပြလိုက်ပါသည်။

ရှဲ့ယွီကတော့ စကားများများဆိုမနေ ၊ နောက်ဘက်သို့လက်ဆန့်လျက် ဟယ့်ကျောင်းအင်္ကျီကော်လာကိုလှမ်းဆွဲကာ အနောက်ကအရူးကောင်ကိုဆွဲသာခေါ်လိုက်တော့သည်။





ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now