အခန်း(၈၃)

8.6K 1.6K 48
                                    

伪装学渣
Wei Zhuang Xue Zha



UNICODE

နောက်တစ်ခါဘတ်စကက်ဘောကစားရင် အပေါ်ဝတ်ထပ်ချွတ်ကြည့်လိုက်


ဆောင်းဝင်လို့လာလေပြီ ၊ Aမြို့၏ဆောင်းရာသီကား နှင်းမကျသော်ငြားလည်း အေးစက်စိုစွတ်သည့်ဆောင်းလေအေးကတော့ ဆွယ်တာအင်္ကျီအတွင်းထိကိုတိုးဝင်ရောက်လို့လာသည်။

ရှဲ့ယွီသည် ဘောပင်အားချလိုက်၏ ၊ ကိုယ်ထက်တွင်တော့ ဟယ့်ကျောင်းမကြာသေးခင်ကလှမ်းပေးထားသည့်အပေါ်ဝတ်ကိုခြုံလို့ထားလျက် မျက်လွှာအသာပင့်ကြည့်ကာ မပြုံးတပြုံးဆိုလိုက်ပါသည်။

". . . . . . မင်းတောင်းဆိုချက်က အဲ့လောက်တောင်ပဲနည်းရလား?"

ပြောပြီးနောက် ဟယ့်ကျောင်းစကားပြန်မှာကိုပင်မစောင့်တော့ဘဲ ရှဲ့ယွီသည်နည်းနည်းမှဝန်မလေးစွာဖြင့်ပင် တစ်ချက်လှမ်းခေါ်ပေးလိုက်ပါသည်။

"ကော~"

ရှဲ့ယွီမှာ ဒီနှစ်ရက်ထဲအအေးနည်းနည်းမိချင်သလိုရှိသည် ၊ အရင်တစ်ခေါက်ဘတ်စကက်ဘောကစားစဉ်က တစ်ကိုယ်လုံးချွေးတို့ထွက်ထားပြီး အပေါ်ဝတ်ချွတ်ကာအတွင်း၌အပါးလက်ရှည်တစ်ထည်ဖြင့် ကွင်းထဲအတန်းချိန်တစ်ဝက်မျှလေအေးတိုက်ခံထားမိ၏။ ယခုစကားပြောချိန်မှာတော့ လေသံကတိမ်ဝင်နေလျက် အနည်းငယ်လည်းကွဲအက်အက်ရှိနေသည်။

ဟယ့်ကျောင်းမှာတော့ ထိုရိုးရှင်းလွယ်ကူလှသည့်စကားလုံးလေးတစ်လုံးကြောင့်နှင့်ကို စိတ်တွေလွင့်ပျံ့ကုန်ရ၏။

ထို့နောက်မှာတော့ ဟယ့်ကျောင်းသည်မျက်နှာတစ်ခြမ်းအား လက်ဖဝါးနဲ့အုပ်ကွယ်လို့ ထိုင်ခုံနောက်မှီထက်မှီချရင်းမှ ခပ်တိုးတိုးညည်းညူမိသည်။

"ဘယ်သူက ဘယ်သူ့ကိုအပြစ်ပေးလိုက်တာလဲကွာ။"

အချိန်လည်းမစောတော့ပြီမို့ ရှဲ့ယွီသည် နားထင်ကိုအသာဖိနှိပ်ရင်း ပြန်ဖို့ထလိုက်ပြီးပေမယ့် နှစ်လှမ်းမျှပင်မလျှောက်ရသေး လက်ကောက်ဝတ်မှာ အနောက်ရှိလူထံမှခက်ကြမ်းကြမ်းလှမ်းဆွဲခံလိုက်ရသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now