အခန်း(၁၁၂)

12K 1.6K 207
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

နိဂုံး


ဟယ့်ကျောင်း လက်ဆန့်ပြီးသူ့လက်ကိုလာရောက်ကိုင်ကတည်းက ရှဲ့ယွီလည်းအလိုလိုအကျင့်ပါနေခြင်းအရပြန်လည်ထွေးဆုပ်ကိုင်လိုက်ပါ၏ ၊ ရှောင်ဖယ်ခြင်းမရှိ ၊ တွေဝေခြင်းအလျဉ်းမရှိခဲ့။

ညကမှောင်လို့လာလေပြီ။

မျက်စိတစ်ဆုံးသည်ကား နီနီရဲရဲ ၊ မြေပြင်ထက်တွင်တော့ မီးရှူးမီးပန်းတို့ပစ်ဖောက်ထားခြင်းရဲ့ အကြွင်းအကျန်တို့အပြည့်ရှိကာ မီးပလုံးတို့အားလည်းတစ်လမ်းလုံးအပြည့်ချိတ်ဆွဲထားပြီး လင်းတစ်ခါမှိန်တစ်လှည့်ဖြင့်။

ပုခုံးချင်းယှဉ်လို့လျှောက်လာကြရင်း လမ်းဘေးတွင်ချိုချဉ်ရောင်းသည့်ဆိုင်ကနားလေးကို ဖြတ်လျှောက်လာကြခိုက်မှာတော့ ဟယ့်ကျောင်းက နှစ်ခါလောက်လှည့်ကြည့်ရင်း လက်ကိုအားထည့်ဆုပ်ကိုင်ကာ ရှဲ့ယွီအားထိုဘက်သို့ဆွဲခေါ်သွားတော့သည်။

"ကောမင်းကို ချိုချဉ်ဝယ်ကျွေးမယ်။"

ဆိုင်ကနားဘေးတစ်ဝိုက်သည်ကား ခရီးသွားမိန်းကလေးတွေပတ်လည်ဝိုင်းလျက်ရှိ၏။

ရွှန်းစိုစိုအဝါရောင်ကိုမှ အနည်းငယ်ထိုးဖောက်မြင်နေရသည့်သကာရည်ဖြစ်ကာ နောက်ဘက်တစ်လျှောက်က လမ်းမီးတိုင်အလင်းတို့ကြောင့် ကြည်တောက်လို့နေတော့သည်။ ဆိုင်ရှင်၏လက်ရာကကျွမ်းကျင်နေလေပြီး တခဏအတွင်းမှာပင် အဆွယ်လက်သည်းတို့နှင့်နဂါးတစ်ကောင်ရုပ်လုံးထွက်လာ၏။

ပတ်ပတ်လည်မှလည်း ဩဘာပေးသံတွေညံသွားရလျက်။

"ကလေးကလားနဲ့. ."

ရှဲ့ယွီအဖို့တော့ လူအုပ်ကြားထဲမတိုးချင်ပါ။

"မင်းအသက်ဘယ်လောက်ရှိပြီလဲ?"

ဟယ့်ကျောင်းက ရုပ်ပုံတစ်ခုကိုလက်ညိုးထိုးလို့ အော်ပြောလိုက်ပါသည်။

"ဆရာကြီး ဒီတစ်ခု။"





ဟယ့်ကျောင်းမှာ အရင်ကဆိုဆေးလိပ်ဖြတ်ဖို့အတွက် ချိုချဉ်ဆောင်ထားတတ်ခဲ့ရာ နောက်တော့လည်းအကျင့်ကပါသွားတော့သည်။ အမြဲလိုလိုမစားဖြစ်တော့ရင်တောင်မှ ကျောင်းရဲ့မုန်းစျေးတန်းကနေ တုတ်ချိုချဉ်နှစ်ချောင်းလောက်ရွေးကာ ကျောင်းအင်္ကျီအိတ်ထောင်ထဲ အသင့်ဆောင်ထားဖြစ်သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now