အခန်း(၃၀)

10.6K 1.9K 72
                                    

伪装学渣
Wei Zhuang Xue Zha

ZAWGYI

မင်းကိုရူးတူးပေါတောလို့ခေါ်ရင် မင်းထူးမှာလား


ရှိန်ကျယ်၏အဆင့် နှင့် ဝမ့်သာရဲ့အဆင့်တို့က ညီတူမျှတူပင်ရှိလေရာ ဒီတစ်ခေါက်စာမေးပွဲမှာလည်း ရှေ့နဲ့နောက်ပြောင်းပြန်ဖြစ်သွားတာကလွဲ ရှေ့နောက်သာလျှင်ကျလေသည်။

နှစ်ဦးသား ကျသည့်ခုံနံပါတ်အလိုက်ဝင်ထိုင်လိုက်ကြပြီးနောက်တွင်တော့ အတော်ကြာအကြည့်ချင်းဆုံစိုက်ကြည့်လျက် အဆုံးတွင်တော့ အချင်းချင်းပြုံးလိုက်ကြပါသည်။

ရှိန်ကျယ် : "Bro မင်းနားလည်တယ်နော်။"

ဝမ့်သာ : "ငါနားလည်တယ် ၊ လည်တယ် ၊ ပျော်ရွှင်စွာပူးပေါင်းကြတာပေါ့။"





အဖြေတွေတိုက်လို့အပြီးမှာတော့ နှစ်ယောက်သားမှာ စာရွက်ပေါ်တွင်လေပေါခြင်းစကြတော့သည်။ တရုတ်စာဖြေတုန်းက ပြောမပြီးတဲ့စကားတွေအား အင်္ဂလိပ်စာဖြေချိန်တွင် အချိန်တစ်ဝက်နီးနီးလောက်ကို ဆက်လို့ပြောကြသည်။

- စာမေးပွဲဖြေပြီးရင် ထမင်းတူတူသွားစားကြရအောင်?

- ဘာစားမှာလဲ?

- ကန်တင်းကပေါ့ ၊ မင်းကဘာများစားချင်သေးလို့တုန်း။

- ဒီနေ့ကန်တင်းက ထမင်းဟင်းအရောင်အဆင်းတွေက နည်းနည်းတော့ဆိုးချက်ပဲ . . .  . . . အစ်ကိုကျောင်းတို့ကိုပါ ခေါ်လိုက်ရင်ရော?

- မကောင်းလည်း ရွေးလို့မှမရဘဲ ၊ ခေါ်လေ ၊ အကုန်ခေါ်လိုက် ၊ မကောင်းတာရှိမှတော့ တူတူမျှဝေကြရတာပေါ့။

- အစ်ကိုကျယ် ၊ ပြောရင်းဒါနဲ့ မင်း အစ်ကိုကျောင်းနဲ့ခင်တာ ဘယ်လောက်ကြာပြီလဲ?






ထမင်းစားဖို့ရာပြောနေကြတာအကောင်းကနေ ဝမ့်သာကရုတ်တရက်စကားလမ်းကြောင်းလွှဲလာသည်။ ရှိန်ကျယ်မှာ စာရွက်အားဖြန့်ကြည့်ရာ ထိုစာကြောင်းကိုမြင်တွေ့တာနဲ့သိလိုက်ပါသည်။ ဝမ့်သာ၏အတင်းအဖျင်းစိတ်ကလေးက မီးလောင်ကျွမ်းသွားတောင် နွေဦးလေကလေးတိုက်ခတ်လာတာနဲ့ ပြန်လည်ရှင်သန်လာမည်ပေ။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now