အခန်း(၁၁၀)

8.3K 1.4K 106
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE


ရဲရဲဝံ့ဝံ့နဲ့ ဟိုးခပ်ဝေးဝေးထိသွားကြ


ခဏတာတိတ်ဆိတ်နေကြပြီးနောက်တွင် ရွှီချင်ချင်သည် မျက်ရည်တို့ကိုဖိသုတ်ကာ လက်တစ်ဖက်ရှေ့ဆန့်ထုတ်လျက် ယုံကြည်မှုအပြည့်ဖြင့်အော်လိုက်ပါသည်။

"ကြိုးစားကြစို့!"

ဘေးပတ်ပတ်လည်ရှိလူများလည်း တစ်ယောက်လက်ပေါ်တစ်ယောက် ထပ်တင်လိုက်ကြလျက်။

လက်ဖဝါးပြင်က လက်ဖမိုးထက်ထိကပ်လို့။

ဝမ့်သာ : "ငါ့အစ်ကိုချင်လို့ မပြောရဘူး မာချက်!"

လျိုချွိင်ဟောက် : "ချချချ!"

ဟယ့်ကျောင်းလည်း ထထိုင်လိုက်ပြီး လက်ဆန့်လို့ပွဲထဲဝင်ပါလိုက်၏။

"ကြိုးစားစို့။"

ရှဲ့ယွီက နောက်ဆုံးတွင်ဖြစ်ကာ ဘာစကားမှမဆိုဘဲ လက်အားဟယ့်ကျောင်း လက်ဖမိုးထက်တင်လိုက်ပါသည်။

လက်ချောင်းလေးတွေက သွယ်လျကာ လက်ဆစ်တို့ကထင်းလို့။

ဟယ့်ကျောင်းမှာ မနေနိုင်ဘဲခဏကြာစိုက်ကြည့်ပြီးနောက်တွင်မှ ခေါင်းမော့လို့ရှဲ့ယွီအား လှမ်းကြည့်မိသည်။

နှစ်ဦးသာ တစ်ခဏကြာအကြည့်ချင်းဆုံမိကြလျက်မှ ရုတ်ခြည်းဆိုသလို အထက်တန်းပထမနှစ်ကျောင်းကိုရောက်စက မိမိကိုယ်ကိုယ်ပြန်မြင်ယောင်မိသွားကြ၏။ ထိုအချိန်တုန်းက ဟယ့်ကျောင်းသည်ကား လက်ကြားထဲဆေးလိပ်မပြတ်ရှိကာ နာမည်ဂုဏ်သတင်းဆိုးရွားလို့ ၊ မျက်နှာအမူအရာကားလည်း မထီမဲ့မြင်ဟန်ဖြင့်ခက်ထန်နေတတ်လျက် ပြဿနာတွေလည်းများစွာရှာခဲ့၏။

ဒါ့အပြင် အနောက်ဆောင်အစ်ကိုကြီးဖြစ်တဲ့ ရှဲ့ယွီသည်လည်း ပိုလို့ပင်မည်သူမှသွားရောက်မထိရဲသည့်သူဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် ဒီလိုကိစ္စတွေအများကြီးဖြစ်လာလိမ့်မည်ဟု မည်သို့သိခဲ့မည်နည်း။





အမှတ်မထင်ရိုးရှင်းစွာဖြင့် လိယန်အမှတ်(၂)သို့ဝင်ရောက်ခဲ့ခြင်းတွင် ဘာမျှော်လင့်ချက်ကိုမှဆုပ်ကိုင်မထားခဲ့. . .  . . . သို့တိုင် လောင်ထန်နှုတ်မှထွက်လာသည့် 'ကန့်သတ်မဲ့ဖြစ်နိုင်ချေအမျိုးစုံ'ဆိုသည့်စကားသည်ကား အံ့ဖွယ်အလား သူတို့ကိုဆက်နွယ်ပေါင်းစည်းပေးလို့လာသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now