အခန်း(၁၀၃)

9.3K 1.6K 167
                                    

伪装学渣
Wei Zhuang Xue Zha



UNICODE

ဒီကိုလာခဲ့ မင်းပဲ ငါ့ကိုလာသိမ်းခိုင်းတာမလား


"မင်းက သိမ်းဖို့လိုတယ်လား?"

"မင်းဘယ်လို သိမ်းမယ်ဆိုတဲ့အပေါ်မူတည်တယ် ၊ ဥပမာဆို ကုတင်ပေါ်မှာရန်ဖြစ်ကြတာမျိုးပေါ့. . .  . . ."

ရှဲ့ယွီက လက်ပြန်မရုတ်မိဘဲ ဟယ့်ကျောင်းရဲ့ ဖမ်းချုပ်ထားခြင်းကို ဒီအတိုင်းခွင့်ပြုထားလျက်။

ထို့နောက် သူသည်မျက်လွှာချကာ အပိုတစ်ခွန်းမှမဆိုတော့ဘဲ တန်းလို့သာငုံ့ချပစ်ပြီး တိုးကပ်သွားလိုက်ပါ၏ —-  —- နေ့ခင်းပိုင်းက အားကစားကွင်းထက်ကလို ၊ လူတွေမျက်စိရှေ့မှာတုန်းကလို တိတ်တခိုးအနမ်းနဲ့မတူသည့် အားပါကာ ဖုံးကွယ်ခြင်းအလျဉ်းမရှိစွာ ဟယ့်ကျောင်းအားအနမ်းတို့ချွေမိသည်။

ကျန်စကားတို့မှာ နှစ်ဦးသား၏ ဂဟေဆက်လျက်ရှိသည့်နှုတ်ခမ်းတို့ကြား ပျောက်ကွယ်သွားရသည်။

ရှဲ့ယွီက နှုတ်ခမ်းကိုဟကာ သွားဖြူဖြူတစ်တန်းလှစ်ဟပေါ်လာလျက်မှ တန်ပြန်အနေနှင့် ဟယ့်ကျောင်းနှုတ်ခမ်းပါးအားကိုက်ချပစ်၏။

ဟယ့်ကျောင်းမှာ ထိုသူ့ရဲ့ဆွဲဆောင်လာမှုများကြောင့် အသိစိတ်တို့လွတ်ကင်းလျက် ရင်ခွင်ထဲကလူသားလေး၏ခါးထက်တင်ထားသည့်လက်မှာ တဖြည်းဖြည်းအပေါ်သို့ရောက်ကာ အင်္ကျီအနားတွင်းတစ်ဝက်မျှသာလက်လျှိုသွင်းရသေး အကိုက်ခံရသဖြင့် မခံနိုင်တော့ဘဲတစ်ချက်မျှညည်းတွားလိုက်မိသည်။



တံခါးအပြင်ဘက်က ကော်ရစ်တာထက်၌ လူအနည်းငယ် သွားလိုက်လာလိုက်ဖြင့် ခြေသံတို့ကမပြတ်။

တစ်ယောက်ယောက် ပစ္စည်းပျောက်သွားသည့်ပုံပင် ၊ လှုပ်ရှားသံတို့ကအနည်းငယ်ဆူညံလျက်။

"အဲ့ဘက်မှာရှိလား?"

"မတွေ့ဘူး။ ဟိုဘက်ထက်သွားရှာကြည့်ကြတာပေါ့ ၊ မြန်မြန် ခဏနေဆိုမီးပိတ်တော့မှာ။"

". . . . . ."

ခြေသံတို့က ပြတ်တောင်းပြတ်တောင်း။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now