အခန်း(၄၇)

9.3K 1.9K 83
                                    

伪装学渣
Wei Zhuang Xue Zha



ZAWGYI


ရုပ်ချောနေလည်း အသုံးမဝင်


"ငါတို့ရဲ့အသက်ကိုကာကွယ်စောင့်ရှောက်ပေးမယ့် သူငယ်ချင်းများရှိမလား?"

ဝမ့်သာသည် တဲ့တိုးဆိုလာခဲ့၏။

"အစ်ကိုယွီ ၊ မင်းအားလား?"

ရှဲ့ယွီကပြောသည်။

"သူငယ်ချင်းမဟုတ်ဘူး ၊ မအားဘူး။"

ဝမ့်သာ : ". . . . . ."

စိမ်းကားချက် ၊ အမြဲတစေကိုအေးတိအေးစက်နိုင်နေချက်ပဲ။

ရှဲ့ယွီကထိုသို့သာပြောပေမယ့် ထရပ်ကာပြတင်းပေါက်နားရှိနေရာလွတ်တစ်ခုအားရှာ၍ ထိုင်လိုက်သည်ကို ဝမ့်သာမြင်မိသည်။ ဒီစိမ်းကားလှသည့် အစ်ကိုကြီးရဲ့ဆိုလိုရင်းကဘယ်လိုရှိမှန်း မှန်းမဆတတ်အောင်ရှိလှသည်။

ဒါက စောင့်ကြည့်ပေးဖို့ဆန္ဒရှိတာလား ၊ မရှိတာလား?

ဟယ့်ကျောင်းက ရယ်လာရင်းပြောသည်။

"မင်းတို့ကစားကြ ၊ သူကူပြီးစောင့်ကြည့်ပေးလိမ့်မယ်။"

ဝမ့်သာမှာ ချက်ချင်းပဲရှော့ရလို့သွားပြီး သိပ်ပြီးမယုံရဲဘဲရှိသည်။

"မင်းကဘယ်လိုသိတုန်း? ဘယ်နားကြည့်ပြီးပြောနိုင်တာလဲ?"

ရှဲ့ယွီဆိုသည့် အနှီလူဟာဆိုလျှင် အထီးကျန်ဆန်ပြီး မာနလည်းကြီး၏ ၊ ပေါင်းသင်းဆက်ဆံရေးလည်းအလွန်ခေါင်းပါးကာ စိတ်ဆတ်မှုကလည်း ထစ်ခနဲရှိပေါက်ကွဲထွက်လာတတ်သည်။

မျက်နှာထက်တွင်မူကား 'ငါ့လာမဆွနဲ့' ဆိုသည့်စာလုံး(၅)လုံးရေးထိုးထားသကဲ့သို့။

အရှေ့နှင့်အနောက်ဆောင်ခွဲစဉ်ကဆို အနောက်ဆောင်ရဲ့အစ်ကိုကြီးဖြစ်တဲ့ရှဲ့ယွီ၏ အနက်ရောင်လက်သည်းဆိုးဆေးဆိုသည့် ကောလာဟလအား လန့်ဖျန့်သွားကြသည့်လူမနည်းဘဲရှိလေသည် ၊ နားထောင်ရသည်မှာ မကောင်းတဲ့ဘက်ရောက်ပြီး ပျက်ပြားသယောင်ပေါက်နေခဲ့သည်ပေ။

ဝမ့်သာ၏အမေးစကားအား ဟယ့်ကျောင်းကပြန်လို့မဖြေ။

သူသည်ပြတင်းပေါက်အပြင်ဘက်မှ ကျော်ခုန်ဝင်လာခဲ့ပြီး ထိုင်ခုံထက်ခြေထောက်နင်းထားရင်းမှ စိတ်ထဲကနေဆိုလိုက်ပါ၏ ၊ ငါကသိနေတာလေ။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now