အခန်း(၅၂)

10.4K 1.9K 200
                                    

伪装学渣
Wei Zhuang Xue Zha


ZAWGYI



မျက်စိဖမ်းစားလွန်းတယ် အလင်းတွေဖြာထွက်နေသလိုမျိုးပဲ


"မင်းမလှုပ်နဲ့။"

". . . . . ."

"ဒီအတိုင်းပဲနေ ၊ ငါစမ်းမိတော့မယ်။"

ရှဲ့ယွီသည်လက်တစ်ဖက်အား အင်္ကျီအိတ်ထောင်ထဲထည့်လို့ထားပြီး ကျန်တစ်ဖက်ကိုမူခေါင်းအုံးလို့ထားရင်းမှ သူ့အင်္ကျီအနားပေါ်လာတင်နေသည့် မင်စိုဘောပင်အားငုံ့၍ကြည့်မိသည်။

"မင်းဘာတွေလျှောက်ပစ်နေတာလဲ။"

ဟယ့်ကျောင်း : "လက်ချော်တာ ၊ တကယ်ကြီးလက်ချော်သွားတာ။"

မကြာသေးခင်ကမှ ဟယ့်ကျောင်းသည် ခုံစောင်းအတွင်းမှနေ ပျောက်နေတာရက်အနည်းငယ်ကြာပြီဖြစ်သည့် မင်စိုဘောပင်အားပြန်ရှာတွေ့သွားခဲ့သည်။ ရှဲ့ယွီအမြင်မှာတော့ သူ့ရဲ့ထိုပုံစံဟာဆိုလျှင် ချွတ်ခြုံကျကာစားစရာသောက်စရာပင်မရှိ ပင်ပန်းဆင်းရဲလှသူက ရုတ်တရက်ပွပေါက်တိုးချမ်းသာသွားသလိုပုံစံနှင့် တူလှပေသည်ဟု။

"မြင်လားလောင်ရှဲ့ ၊ ငါတို့မှာဘောပင်ရှိပြီကွ။"

ရှဲ့ယွီသည် စားပွဲပေါ်မှောက်အိပ်နေလိုက်၏ ၊ ရှေ့အချိန်မှာတုန်းက အိပ်ရေးမဝခဲ့သည်ကြောင့် ဟက်ဟက်ပက်ပက်မရှိ "အင်း"ဟုတစ်ခွန်းသာဆိုလိုက်ပြီး ဆက်အိပ်ဖို့စိတ်ကူးမိသည်။ နောက်တစ်စက္ကန့်မှာပင်---  --- ထိုဘောပင်မှာဆိုသူ့ထံလွှင့်ပျံလို့ရောက်လာ၏ ၊ ရှဲ့ယွီသာနည်းနည်းလေးလောက်လှုပ်လိုက်မိပါက အောက်သို့ကျသွားမည်ပဲဖြစ်သည်။

ဟယ့်ကျောင်းကား နီးနီးကပ်ကပ်အထိတိုးကပ်လို့လာပြီး လက်ကသူ့ပေါင်အားလာလို့ထိလေရာ အနည်းငယ်ယားသလိုပင်ဖြစ်မိရသည်။ ထိုလူ့ရဲ့လက်က နောက်ထပ်စင်တီမီတာအနည်းငယ်လောက်သာထပ်ရွေ့ပါက တစ်စုံတစ်ရာသောမထိတွေ့အပ်သည့်နေရာသို့ ထိတွေ့မိမည်ပေ။

". . . . . ."

ရှဲ့ယွီသည် မျက်နှာအားတစ်ဖက်သို့လွှဲကာ အနည်းငယ်မာဆတ်ဆတ်လေသံဖြင့်ပြောလိုက်ပါသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now