အခန်း(၈၆)

8.6K 1.6K 117
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

တံဆိပ်ခတ်နှိပ်


လော်ဝိန်ချန်မှာ ပြတင်းပေါက်နားတွင်ထိုင်လျက်ရှိရင်း ကော်ဖီအကုန်သောက်ပြီးသွားချိန်မှ တစ်ဖက်လမ်းမှလျှောက်လို့လာနေသည့် ရင်းနှီးလှတဲ့ပုံရိပ်နှစ်ခုကိုလှမ်းတွေ့လိုက်ရသည်။

ရှဲ့ယွီက ရှေ့မှလျှောက်ကာ လည်တိုင်ထက်၌မီးခိုးရင့်ရောင်မာဖလာအားပတ်ထား၍ မျက်နှာတစ်ဝက်မျှသာပေါ်နေ၏။

နှစ်ဦးသားမှာဆို ပေါ့ပေါ့ပါးပါးပင်လက်ချင်းတွဲထားလျက်သား ၊ လက်ဆယ်ချောင်းယှက်ဆက်နွယ်လို့ ရောက်ခါနီးပါမှ ရှဲ့ယွီသည်ရပ်လိုက်ပြီး ဟယ့်ကျောင်းအား လက်ကိုလွှတ်ဖို့ခေါင်းငုံ့အချက်ပြလိုက်ပါသည်။

"တွဲလို့ဝပြီလား။"

". . . . . ."

ဟင့်အင်း။ မဝဘူး။

ဟယ့်ကျောင်းမှာ ခေါင်းထဲဘေးရှိလူသာစိုးမိုးလို့နေ၍ ဘယ်ရောက်နေပြီမှန်းပင် သတိမထားမိခဲ့။ ပြောလာသံကြားပါမှ ရှေ့ရှိ
ကော်ဖီဆိုင်အား မြင်မိကာ ချောင်းတစ်ချက်ဟန့်လိုက်လျက် ဒီလမ်းကသောက်ရမ်းကိုတိုတာပဲဟု ခပ်တိုးတိုးဆိုမိချေသည်။

ကော်ဖီဆိုင်အတွင်း။

တစ်ယောက်မှာ ဖုန်းပွတ်နေရင်းမှ ပျင်းပျင်းရှိလာ၍ ခေါင်းမော့ကာအပြင်ဘက်လှမ်းကြည့်ရင်း နှုတ်မှလည်းရေရွတ်မိ၏။

"အစ်ကိုကျောင်းရော ၊ လူသွားကြိုမယ်ပြောပြီး. . .  . . ."

လော်ဝိန်ချန်မှာ ရင်ထဲထိတ်သွားလျက်မှ ထိုသူမမြင်သင့်တာမြင်သွားမည်စိုးသဖြင့် မြန်မြန်ပဲထိုတစ်ယောက်ခေါင်းအားဖိချကာ သူ့ဘက်ဆွဲခေါ်ရင်း အားနဲ့ဆွဲလှည့်ကာ စကားမရှိစကားရှာပြောလိုက်ပါသည်။

"ဖုဖေ့ မင်းကြည့်စမ်း ဒီနေ့ရာသီဥတုသာယာလိုက်တာ ၊ ငါတို့နှစ်ယောက် ရည်မှန်းချက်ပန်းတိုင်အကြောင်း ပြောကြရအောင် ဘယ်လိုလဲ။"

"လော်ဝိန်ချန် မင်းရူးနေတာပဲ!"






ဒီတစ်ခေါက်ဆုံကြရာမှာတော့ စုစုပေါင်းလူဆယ်ယောက်သာလျှင်ရှိ၏ ၊ ဆောင်းရာသီကျောင်းပိတ်ရက်၌ အကုန်လုံးက ကိုယ့်အစီအစဉ်နှင့်ကိုယ်ရှိကြပြီး တော်တော်များများကလည်း မြို့တွင်မရှိကြတော့။ ထမင်းစားပြီးနောက်အစီအစဉ်ကတော့ ဘေးတွင်ရှိသည့် KTVသို့သွားရန်ဖြစ်ကာ အားလုံးစိတ်ထဲ 'အဆိုနတ်ဘုရား'ဆိုသည့်အိပ်မက်ကလေးကိုပွေ့ပိုက်လို့ သီးသန့်ခန်းတစ်ခန်းကြိုချိတ်ထားပြီးဖြစ်လေသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now