(တူ...တူ..တူ...)

" ဟယ်လို မေခ"

" အေး မမနိုင် နင် အခုဘယ်မှာလဲ"

" ငါလား၊ ခ်ခ် ငါ့ကောင်လေးနဲ့ ပျော်နေတယ်"

" နင့်မလဲလေ တမလွန်က ယောကျ်ားကို အားနာပါဦး၊ တစ်နေ့တစ်နေ့ စမောလေးတွေနဲ့ သာယာနေလိုက်တာ"

" ဟဲ့ မေခ၊ အခု ငါ့ကို ဖုန်းဆက်တာ တရားချဖို့ဆိုရင် ဖုန်းပြန်ချလိုက်တော့၊ ငါ အခု သာယာနေတယ်"

" မဟုတ်ဘူး၊ ငါ့သားနဲ့ စကားများလာလို့ဟ၊ နင်နဲ့ အေးဆေးတွေ့ချင်လို့"

" ထူးထူးဆန်းဆန်း သားနဲ့ စကားများလာတယ်တဲ့လား၊ အင်းပါ၊ အခု ငါ့အိမ်ကို လာခဲ့လို့ရတယ်၊ ငါ နင့်ကို ပျော်စရာလေးနဲ့ မိတ်ဆက်ပေးမယ်"

" အေး ငါ အခုချက်ချင်း လာခဲ့မယ်"

(တီ...)

ဖုန်းချလိုက်ပြီး သားဖြစ်သူရှိရာ အခန်းဘက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် အိမ်အပြင်က ကားလေးကို မောင်းပြီး သူငယ်ချင်းမဆီသို့...။

မြေနီကုန်းမီးပွိုင့်က နီနေသောကြောင့် ကားကို ခဏရပ်လိုက်ရသည်။ ကားမှန်အပြင်ဘက်ရှိ ရာသီဥတုက ကျစ်ကျစ်တောက် ပူနေသည်။ ထိုစဉ် အပြင်ဘက်သို့ မျက်လုံးကစားမိတုန်း မြင်ကွင်းထဲဝင်ရောက်လာသည့် ပုံရိပ်တစ်ခု။ ဦးမင်းမြတ်၊ ဟုတ်သည်။ သူ မမှားပါ။ သူ ထားပစ်ခဲ့သော သူ၏ခင်ပွန်းဟောင်း ဦးမင်းမြတ်ဖြစ်သည်။ ဝတ်ပုံစားပုံ သပ်သပ်ရပ်ရပ်ဖြင့် မီးပွိုင့်နီနေသောကြောင့် တစ်ဖက်က ဒဂုံစင်တာဘက်သို့ အလွယ်တကူ ကူးသွားလေသည်။

ဦးမင်းမြတ်ကို မြင်တော့ သားကြီးကို ပြေးသတိရသွားသည်။ ထိုစဉ် ရုတ်တရက် ကားမီးပွိုင့်က ပြန်စိမ်းလာတော့ သူလည်း စင်တာဘက်သို့ ချိုးကွေ့ချလိုက်သည်။ လုံခြုံရေးတွေ၊ ဘာတွေတောင် ဂရုမပြုမိ။ စင်တာထဲသို့ ဝင်သွားသော ဦးမင်းမြတ်ကို ဦးစွာလိုက်ရှာမိသည်။ ဘာလို့ သူတစ်ယောက်တည်း ဖြစ်နေရတာလဲ။ သားကြီးရော သားကြီးက ဘယ်မှာလဲ။

ထို့နောက် ကော်ဖီဆိုင်တစ်ခုထဲသို့ ဝင်သွားသောဦးမင်းမြတ်ကို လှမ်းမြင်လိုက်တော့ သူပါ အနောက်မှ လိုက်ဝင်သွားလိုက်သည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now