" ဗျာ..."

" ဟုတ်တယ် ကလေးရေ၊ ဟိုမင်းသမီးလေ နောက်ရက်ကျ သူ နောက်တစ်ကားရိုက်ရမယ်ဆိုပြီး ရစ်နေလို့ သည်နေ့ အပြီးရိုက်ပေးရမှာ"

" ဟုတ်ကဲ့၊ သား အဆင်ပြေပါတယ်"

"အင်း သား၊ မား မရှိလည်း ထမင်းကိုစောစောစားရမယ်နော်"

" မား သားကို စိတ်ချပါ"

" အိုကေ၊ အိုကေ ဒါပဲနော်၊ မားရဲ့ ကလေးလေး"

" ဟုတ်ကဲ့"

မားဆီမှ ဖုန်းချသွားတော့ နေခလည်း အဝတ်အစားလဲခြင်းကို အမြန်အပြီးသတ်ကာ အံဆွဲထဲ၌ သိမ်းထားတာ ကြာပြီဖြစ်သော ကားသော့လေးကို ထုတ်လိုက်သည်။

" သည်နေ့ သား မားစကားကို နားမထောင်ချင်ဘူး၊ သည်နေ့တစ်ရက်တည်းပါ"

ပထမဦးဆုံး သည့်လူ့အကြောင်းကို စိတ်ဝင်စားမိသည်။ သူနှင့် စကားတွေပြောပြီး သူငယ်ချင်းဖြစ်ခွင့်ရလျှင် ကောင်းမည်ဟု တွေးမိသည်။ ထို့နောက် သူ့ကို ထပ်တွေ့ချင်မိသည်။

သို့ဖြစ်၍ ဂိုဒေါင်ထဲမှာ သိမ်းထာတာ ကြာပြီဖြစ်သော သူ့မော်ဒယ်မြင့်ကားဖြူလေးကို မောင်းပြီး ခက်ဇော်နှင့် အတူသွားခဲ့သော ဆိုင်လေးဆီသို့... 

ညချမ်းချိန်ဖြစ်ပေမဲ့ ဆိုင်လေးက သူနှင့်ခက်ဇော်တို့နှစ်ယောက် အတူလာခဲ့သည့် နေ့ခင်းက ပုံစံလေးအတိုင်း လူကတော့ စည်မြဲပင်။ မတူသည်က ဆိုင်လေး၏အပြင်ဘက်၌ ရောင်စုံမီးလုံးများက တလက်လက်ဖြင့် လှပနေလေသည်။ သူကလည်း နေ့ခင်းကလို ရုပ်ဖျက်ထားသည်မို့ သူ့ကို ဘယ်သူမှ အာရုံမစိုက်မိကြပါ။ အရင်ဦးဆုံး ကောင်တာမှာ ထိုင်နေသည့် ကောင်မလေးသုံးယောက်ဆီ ကပ်သွားလိုက်သည်။

" ဟို ညီမတို့ သည်ဆိုင်က ထက်ဦးခန့် ဆိုတဲ့..."

" ဪ...သည်က အစ်ကိုက ဦးခန့်ကို လာရှာတာလား၊ ဦးခန့်က နေ့ခင်းက သူ့လူနဲ့ ပါသွားတယ်၊ ဘာများပြောပေးရမလဲမသိဘူးရှင့်"

သူ ဘာများမှာခဲ့ရမည်လဲ။ ထက်ဦးခန့်ကို သူက အဝေးမှ လှမ်းမြင်ရုံသာ မြင်ခဲ့ရတာမလား။ ထက်ဦးခန့်က သူ့ကို သိတောင်သိမှာ မဟုတ်။ နောက်ပြီး သူ့ဘက်ကသာ ထက်ဦးခန့်နှင့်တွေ့ရဖို့ စိတ်အားထက်သန်နေပေမဲ့ ထက်ဦးခန့်နှင့်သူက ရင်နှီးသည့် ဆက်ဆံရေးမျိုးမဟုတ်တော့ လက်ခံတွေ့ပါ့မလားဟု စိုးရိမ်စိတ်ဝင်မိသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now