အခန်း(၁၀၉)

ابدأ من البداية
                                    

ရှဲ့ယွီက လောင်ဝူသူ့ကိုပေးလာသည့် ပုစ္ဆာအသစ်များကိုတွက်နေ၏ ၊ ရေးရင်းတစ်ဝက်မှာပင် တွေးနည်းမမှန်သလိုခံစားလာရသဖြင့်ခြစ်ချပစ်ရန် ပြင်ခိုက်မှာပဲ ရှေ့တန်းကကျောင်းသားမှာနောက်ကိုလက်ဆန့်လို့ သူ့စားပွဲထက်စာရွက်ပိုင်းတစ်ခုလာလို့ပစ်တင်သွားသည်။

ရှဲ့ယွီမျက်ခုံးပင့်မိရရင်း ထိုစာရွက်ပိုင်းအားဖြန့်လိုက်စဉ်မှာတော့ ပထမတစ်ကြောင်းတွင် ခေါင်းစီးအားပေါ်လွင်စွာရေးလို့ထားရှိ၏ - ငါတို့တွေ ညစာဘာစားကြမလဲ ဆွေးနွေးကြရအောင် ၊ မဲပေးကြ မဲပေးတာများတာ စားကြမယ်။

အောက်တွင်တော့ ဆိုင်နာမည်စာရင်းတစ်တန်းလိုက်ရှိ၏။ ပေသာ့ ၊ ကျင်းပန် ၊ ကျွမ့်ယွမ်လုံ။

ထို့အပြင်ဘယ်သူမှန်းမသိ ဉာဏ်ကွန့်မြူးလို့ပင်ထားကာ လက်တန်းမဲဆွယ်ထားသေးသည် ၊ ကျွမ့်ယွမ်လုံ၏ အမာခံစားသုံးသူမှာဆို ဘေး၌တစ်လှေကြီးအမွမ်းတင်ထား၏ - သူတို့ဆိုင်က ဟင်းတွေတအားစားကောင်းတာ ၊ ရှေ့ဆက်ရမယ့်လမ်းကိုရှာမတွေ့တော့ဘဲ စိတ်တွေဝေဝါးနေတဲ့အခေါက်တိုင်း ကျွမ့်ယွမ်လုံကဟင်းတွေက အမြဲငါ့ကိုပြန်လည်နိုးထလာစေတယ်. . .  . . .

ရှဲ့ယွီ : "ဂေါက်နေတာပဲ။"

"မဲဆွယ်နေကြသေးတာပေါ့?"

ဟယ့်ကျောင်းမှာ အံ့ဩစွာပင် ပင့်သက်ရှိုက်မိလိုက်၏။

"သိပ်ကိုစိတ်ရောကိုယ်ပါရှိပြီး စစ်မှန်လွန်းချက် ၊ ဒီသူငယ်ချင်းကတော့ ကိုယ့်ကိုခိုက်မိအောင်စွမ်းဆောင်နိုင်တာပဲ။"

ဟယ့်ကျောင်းက အမှန်ခြစ်ကာရွေးလိုက်ပြီး စာရွက်ပိုင်းအားလုံးခြေကာ တစ်ဖက်ခြမ်းသို့ပစ်ပေးလို့က်ပါသည်။

ဝူကျိန့်မှာ ပုစ္ဆာတွေရှင်းပြအပြီး ညပိုင်းself-studyချိန်အတွက် အိမ်စာပေးရန်စိတ်ကူးပြီး မျက်လွှာပင့်အကြည့်မှာပဲ စင်အောက်ရှိသူတို့ရဲ့လှုပ်ရှားမှုလေးတွေကို မြင်သွားတော့သည်။

"ဘာတွေလက်ဆင့်ကမ်းနေကြတာလဲ ၊ ငါ့စီလဲကမ်းလာခဲ့ ကြည့်ကြည့်ရအောင်။"

တစ်ဖက်ခြမ်းကကျောင်းသားမှာဆို ဆုပ်ကိုင်ထားလျက်မှ မပေးချင်ဘဲရှိရပေမယ့် ဝူကျိန်ကစတိတ်စင်ထက်မှ ဆင်းလာပြီးကို ထိုကျောင်းသားနှင့် သုံးမိနစ်လောက်ကြာသည့်ဆွဲလုပွဲကြီးဖြစ်သွား၏။ လုယူအပြီး စာရွက်ထက်ကအကြောင်းအရာတို့ကိုမြင်ချိန်မှာတော့ ငိုရမလိုရယ်ရမလိုပင်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)حيث تعيش القصص. اكتشف الآن