"ကိုယ့်ကိုဘာကြည့်တာတုန်း?"

ဟယ့်ကျောင်းမှာ ရွှီချင်ချင်တစ်ယောက် အားတွေပြန်ပြည့်လာလျက် ထရပ်လို့လျိုချွိင်ဟောက်ကို လိုက်ရိုက်နေသည်ကိုကြည့်ရင်း အကြည့်ပြန်လွှဲခိုက်မှာပဲ ဘေးနားရှိကလေးလေးရဲ့ သူ့ကိုတစ်ချိန်လုံးစိုက်လို့ကြည့်နေသည်ကို သတိထားမိသွားရသည်။

သူသည် ပလတ်စတစ်တုတ်ချောင်းလေးကိုကိုင်လျက် တဖန်ဆိုမိ၏။

"စားချင်လို့လား? ကောလို့ခေါ်ရင် မင်းကိုပေးမယ်။"

ရှဲ့ယွီ လုံးဝချိုချဉ်မစားချင်ပါ ၊ သို့သော်ငြား တစ်ခဏအတွင်းပြုစားခံလိုက်ရသကဲ့သို့ပင် လိမ်မာနာခံစွာဖြင့် တစ်ခွန်းခေါ်မိပေ၏။

"ကော။"

လျိုချွိင်ဟောက်က အားကုန်သုံးလို့ ရွှီချင်ချင်ကိုပြန်လည်တက်ကြွလာအောင် ကြိုးပမ်းလိုက်ပေမယ့် ရလဒ်ကတော့ အလွန်အကျွံဖြစ်သွားခဲ့၍ သေစေလောက်တဲ့ရိုက်ချက်တို့နဲ့ညားတော့မတတ် ဖြစ်သွားခဲ့ရသည်။ ရွှီချင်ချင်မှာ အတန်းထဲလိုက်ဖမ်းအပြီး နှစ်ဦးသားကော်ရစ်တာထက်ရောက်သွားကြကာ မဆုတ်သာမတိုးသာအခြေအနေရှိနေကြသည်။

ရွှီချင်ချင် အင်္ကျီလက်ကိုပင့်လိုက်၏။

"ဟောက်ကျစ် နင်လာခဲ့လိုက်စမ်း။"

လျိုချွိင်ဟောက်က နှုတ်မှ"မလာဘူး"ဟုအော်ပြောလျက် အတန်းအနောက်ပေါက်သို့ပြေးသွားလိုက်သည် ၊ တစ်ဆက်တည်းအကြည့်တို့က အနောက်တန်းဘက်ရောက်သွားခဲ့ပြီး အဆုံးတွင်တော့ ရှဲ့ယွီပါးစပ်တွင်းခဲထားသည့်ချိုချဉ်ထံရပ်တန့်သွားခဲ့ပါလေသည်။

သူသည် အကြည့်လွှဲဖယ်လိုက်ကာ ခေါင်းထဲလည်း အတော်ကြာလည်ထွက်သွားရလျက်။

. . .  . . . အဲ့တုတ်ချိုချဉ်က စောနကအစ်ကိုကျောင်းပါးစပ်ထဲမှာ ရှိနေတာလားလို့?





ပြောတော့သာ အချိန်ပိုဆိုပေမယ့် ကျောင်းပြန်ဖွင့်တာနှင့်ဘာမှမကွဲ။

တတိယနှစ်ဖတ်စာများကိုတော့ မသင်ရသေး ၊ အတန်းချိန်အသစ်တက်စဉ်၌ ရှေ့ကသင်ခန်းစာများကိုသာပြန်နွှေးကြရလျက် အချိန်ကိုလည်းကန့်သတ်ကာခပ်သွက်သွက်လုပ်ကြရ၍ နောက်ဆုံးအချိန်ဆင်းခါနီးလာမှသာ တိတ်တဆိတ်သက်ပြင်းချနိုင်ကြတော့သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα