အခန်း(၁၀၆)

8.3K 1.5K 81
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE


ထိပ်ဆုံးစာမေးပွဲခန်း


လောင်ထန်မှာ အချိန်ပိုကိစ္စအကြောင်းပြောပြီးနောက် တရုတ်စာဖတ်စာကိုလှန်ဖွင့်လိုက်၏။ အချိန်များများကျန်သေးသည်အထင်ဖြင့် အားလုံးအား ရှေးကဗျာစာသားတို့ကိုတစ်ခေါက်ရှင်းပြရန်ပြင်မိခိုက်မှာပဲ မနက်ပိုင်းself-studyချိန်ကပြီးဆုံးတော့မည်ကို တွေ့လိုက်ရသည်။

"အချိန်အဲ့လောက်တောင်ကုန်သွားပြီလား?"

လောင်ထန်ခမျာဇဝေဇဝါဖြင့်ရှိရင်း ရေနွေးခွက်အားယူလျက် ထွက်ဖို့သာလုပ်ရတော့သည်။

"နှစ်ခွန်းလောက်ပဲပြောရသေးတာလားလို့. . .  . . ."

ဟယ့်ကျောင်းသည် အညောင်းဆန့်လိုက်ပြီးနောက် လက်ကိုမြှောက်ကာ ခေါင်းအနောက်ထားလိုက်ရင်း ရယ်လျက်ဆိုလိုက်ပါ၏။

"ဆရာ ၊ ဆရာပြောသွားတာဖြင့်နှစ်ခွန်းမကဘူးလေ ဆရာကကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းနားမလည်သေးဘူးပဲ။"

"ပေါက်တတ်ကရတွေလျှော့စမ်း. ."

လောင်ထန်လည်း လိုက်ရယ်မိရရင်းမှ ထပ်လို့ပြောလိုက်ပါသည်။

"ခဏနေကြရင် မင်းနဲ့ရှဲ့ယွီနှစ်ယောက်လုံးရဲ့အိမ်စာတွေလာထပ်ထားဖို့မမေ့နဲ့ဦး ၊ ဆရာကိုယ်တိုင် သက်သက်စစ်ပေးမယ်။"





လောင်ထန်ထွက်သွားပြီဆိုပါမှ ဟယ့်ကျောင်းလက်ကိုပြန်ချရင်း ရှဲ့ယွီစားပွဲထက်သွားရောက်ခေါက်လိုက်ပါ၏။

"ကိုယ်ရေးမပြီးသေးဘူး ၊ မင်းဟာရော. . .  . . . ခဏငှားဦး။"

အိမ်စာဆိုသည်အားညွှန်းလာချိန်မှာတော့ ရှဲ့ယွီမျက်မှောင်ကြုတ်မိရင်းမှ ပြောလိုက်တော့သည်။

"မင်းအထင် ငါကရေးပြီးမယ်ပေါ့?"

ဟယ့်ကျောင်း : "မင်းမရေးရသေးဘူးလား?"

ဘယ်လိုသွားရေးရမလဲ။

အရှက်မရှိ မေးရဲသေးတယ်နော်။

ရှဲ့ယွီ စိတ်ထဲမှနေအခွန်းရေအနည်းငယ်ကျိန်ဆဲပစ်မိ၏။






ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now