အခန်း(၁၀၅)

Start from the beginning
                                    

နှစ်ဦးလုံး စကားမဆိုမိကြ။

ခဏကြာအကြည့်ချင်းဆုံပြီးနောက်မှာတော့ ဟယ့်ကျောင်းက ကိုယ်ကိုအနည်းငယ်ငုံ့ကိုင်း၍ ခေါင်းကိုအသာငုံ့ကာတိုးကပ်သွားရန်ပြင်ခိုက်မှာပဲ အဆောင်ခန်းတံခါးမှာ တစ်စုံတစ်ယောက်ရဲ့ခေါက်လာမှုကြောင့် အသံကျယ်ကျယ်မြည်လို့လာတော့သည်။

". . . . . ."

"အစ်ကိုကြီးတို့!"

"မင်းတို့ရှိလား?"

တံခါးအပြင်ဘက်တွင် လူတစ်စုအသံကထွက်ပြူလာသည် ၊ ဝမ့်သာအသံကအကျယ်ဆုံးဖြစ်ကာ 'အစ်ကိုကြီး'ဟုအော်ရာ၌ စိတ်အားထက်သန်မှုတို့ကအပြည့်။

ဟယ့်ကျောင်း လည်စလုတ်လေးကအထက်အောက်လှုပ်ရှားသွားရလျက် - ". . .  . . . ယီးပဲ။"

ထိုအသံကိုကြားချိန်မှာတော့ ရှဲ့ယွီရယ်ချင်သွားရကာ လက်ကအပေါ်သို့အနည်းငယ်ရွေ့သွားပြီး အပိုမပြောဟယ့်ကျောင်းင်္အကျီကော်လာကိုသာဖမ်းဆွဲလို့ လူအားမိမိအနားရောက်အောင်ဆွဲယူပစ်လိုက်သည်။

ဟယ့်ကျောင်းတစ်ယောက် ခဏချင်းတွင်းဟန်ချက်ပျက်သွားရ၏။

ရှဲ့ယွီက လက်ကအားကိုထိန်းမထားဘဲရှိရာ တဲ့တိုးဆန်ဆန်ကြမ်းတမ်းလှစွာဖြင့် သူ့နှုတ်ခမ်းပါးထက် ချွေးသိပ်သည့်သဘောထိကပ်နမ်းလာခဲ့သည်။

ထို့နောက်တွင်တော့ ရှဲ့ယွီသည်လက်ကိုလွှတ်လိုက်ပြီး မေးငေါ့ပြလိုက်ပါသည်။

"တံခါးသွားဖွင့်လိုက်။"






အခန်း(3)ကအဆောင်နေကျောင်းသားတချို့မှာ အပေါက်ဝတွင်နှစ်မိနစ်ကြာရပ်စောင့်ပြီးနောက် တဖန်ထပ်၍တံခါးခေါက်မည်အပြု လက်ကတံခါးရွက်ထံသို့ပင်မရောက်သေး တံခါးကပွင့်လို့လာသည်။

ဟယ့်ကျောင်းက တံခါးပေါက်ကိုပိတ်ရပ်လျက်မှ မေးလိုက်၏။

"ကိစ္စရှိလို့လား?"

ဝမ့်သာက လက်ထဲရှိအခြားအတန်းဖော်ရဲ့အဆောင်ကနေယူလာသည့်ပန်းသီးကို ထိုးပေးလိုက်သည်။

"အစ်ကိုကျောင်း မင်းအခန်းပြောင်းတယ်ကြားလို့? အိမ်အသစ်ပြောင်းတာကို ဝမ်းမြောက်ကြောင်းပြောရင်း ငါတို့ကအထူးလာပြီးဂုဏ်ပြုပေးတာ။"

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now