အပိုင်း(၆၃)'ချွဲလွန်းသူကြီး'

Start from the beginning
                                    

"ကျုပ်လဲတောင်းပန်ပါတယ်
အစ်က်ို့ကို အခက်အခဲတွေကြားထဲမှာ
တစ်ယောက်တည်းထားခဲ့မိလို့။"

ကောင်ငယ်လေးရဲ့စကားအဆုံးမှာခံစားလိုက်ရတဲ့
နှဖူးပြင်ပေါ်ကအနွေးဓာတ်လေးကြောင့် 'သိင်္ခ'ရဲ့မျက်နှာမှာ စတော်ဘယ်ရီရောင်အပူလှိုင်းလေးတွေ
ဖြတ်ပြေးသွားရပြန်တယ်။

"ကျောက်ခဲလေး မင်းဒီနေ့ကိုယ့်ကိုခဏခဏ
နမ်းနေတယ်နော်။"

"ဘာလို့လဲဟင် အစ်ကိုမကြိုက်ဘူးလား။"

'ကျောက်ခဲ'ကပြန်မေးလာတော့ သူကသဘောတကျရယ်လိုက်လိုက်ပြီး ကောင်ငယ်လေးရဲ့မျက်နှာကိုသေချာကြည့်ကာရွှင်မြူးစွာနဲ့ပြောလိုက်တယ်။

"ဘယ်သူကပြောလဲ
နမ်းချင်ရင်တခြားနေရာကိုမနမ်းပဲ
နှုတ်ခမ်းလေးကိုပဲနမ်းလို့ပြောမလို့ပါ။"

'သိင်္ခ'ကစကားလဲအပြီး 'ကျောက်ခဲ' ရဲ့လည်ပင်းကိုသိုင်းဖက်လို့အနမ်းတွေကိုထပ်ပြီးပုံဖော်ဖို့လုပ်လိုက်တယ်။

"ဒေါက်...ဒေါက်!။"

''ကျစ်...ဘယ်သူလဲ။ "

အချိန်ကောင်းရောက်မှဝင်နှောက်ခံလိုက်ရတဲ့
'သိင်္ခ'ရဲ့​​မေးသံကအလိုမကျမှုတွေနဲ့မာထန်နေရော။

"မင်းဦးလေး ကိုရွှေမောင်နဲ့ မင့်အမေ
ဒေါ်ရွှေဇင်ညိမ်းဟေ့။"

'ဦးရွှေမောင်'ရဲ့ရွဲ့စောင်းသံကြီးကိုလည်းကြားရော
'ကျောက်ခဲ'က 'သိင်္ခ'ခေါင်းလေးကိုပေါင်ပေါ်ကနေ
ချပေးလိုက်ပြီး တံခါးသွားဖွင့်ဖို့ပြင်လိုက်တယ်။
ဒါပေမဲ့လဲသူ့ရဲ့လက်ကောက်ဝတ်ဟာ တစ်ဖက်လူရဲ့ခပ်တင်းတင်းဆုပ်ကိုင်ခြင်းနဲ့အတူဟန့်တားခံလိုက်ရတယ်။

"နမ်းသွားအုံးလေ။"

'သိင်္ခ'ရဲ့စကားကြောင့် 'ကျောက်ခဲ'လဲ သဘောတကျပြုံးလိုက်ပြီး တစ်ဖက်လူရဲ့နှုတ်ခမ်းလေးကိုတစ်ချက်စုပ်နမ်းပေးလိုက်တယ်။အဲ့ဒီအခါမှပဲ သူလဲလွတ်လပ်ခွင့်ရပြီး တံခါးသွားဖွင့်ပေးခွင့်ရတော့တယ်။

"ဝင်ပါလေးလေး။"

'ဦးရွှေမောင်'လဲ 'ကျောက်ခဲ'ကိုတစ်ချက်ကြည့်ပြီး
'ဒေါ်ရွှေဇင်ညိမ်း'နဲ့အတူအခန်းထဲကိုဝင်လာခဲ့လိုက်ကြတယ်။ ငိုထားမှန်းသိသာလှတဲ့ 'ဒေါ်ရွှေဇင်ညိမ်း'ရဲ့
မျက်နှာတွေကမို့အစ်လို့နေပြီး၊အခန်းထဲဝင်ထိုင်လာကတည်းက သားဖြစ်သူကိုမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်လို့နေတာမို့ 'ကျောက်ခဲ'က 'သိင်္ခ'ရဲ့လက်လေးကိုဆုပ်ကိုင်ထားပေးလိုက်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now