အခန်း(၁၀၃)

Start from the beginning
                                    

မျက်စိရှေ့ကလူသားလေးမှာ အပေါ်ပိုင်းဗလာကျင်းလျက်နှင့် ၊ သွယ်လျကာထင်းနေသည့်ညှပ်ရိုးမှတည်အောက်တစ်လျှောက်ရှိ ဝမ့်ဗိုက်အစွန်ခါးနားကVသဏ္ဌာန်ကြွက်သားအမြှောင်းက မပေါ်တပေါ်။ လှုပ်ရှားမှုအလိုက် လက်ကောင်ဝတ်ထက်က ကြိုးအနီလေးကအောက်အနည်းငယ်လျှောကျလာကာ ပဲနီစေ့လုံးလေးကလက်ကောက်ဝတ်ကအရိုးဘုထက်မှီတင်လျက်။

မကြာခင် နွေရောက်တော့မည်ဖြစ်ပေမယ့် ညပိုင်းတွင်တော့ အအေးဓာတ်တို့ကျန်ရှိနေလေစဲ။

ခါးစည်းကြိုးကိုဖြေဖို့ရည်ရွယ်ထားသည့် ရှဲ့ယွီ၏လက်က မဆင်မခြင်ဖြင့်အဝတ်ပေါ်မှတစ်ဆင့် တစ်နေရာသို့ဦးတည်ထိတွေ့လာလျက်မှ သူ့အားမော့လို့ကြည့်ကာ ဆိုလာပါသည်။

"ဒီကိုလာခဲ့ ၊ မင်းပဲ ငါ့ကိုလာသိမ်းခိုင်းတာမလား။"

ဟယ့်ကျောင်းလက်က ကုတင်စွန်းကိုဖိထောက်ထားရင်း လည်ချောင်းတစ်လျှောက်ခြောက်ကပ်လာသလိုသာခံစားမိရ၏။

ရှဲ့ယွီ၏ လက်ဦးမှုယူကာဦးဆောင်လာတတ်သည့် ထိုဘက်ပိုင်းတွင် သူအမြဲသတိလက်လွတ်ဖြစ်ရပြီး ချုပ်တည်းထားနိုင်စွမ်းတို့လည်း ပြိုလဲပျက်စီးကုန်ရချေသည်။

. . .  . . . သူအနှေးနဲ့အမြန် ထိုသူ့ထံမှောက်တွင်သာအဆုံးသတ်ရပေလိမ့်မည်။





မီးမှိတ်ချိန်သို့ပင် ရောက်လို့လာခဲ့လေပြီ။

အဆောင်တစ်ခုလုံးမီးပျက်သွားခဲ့ပြီး လမ်းဘေးမီးတိုင်တို့ထံက အလင်းအနည်းငယ်သာကျန်ရစ်ခဲ့တော့၏။

ရှဲ့ယွီမှာ ဟယ့်ကျောင်းရဲ့အုပ်မိုးခြင်းကိုခံထားရလျက်မှ တံတောင်ဖြင့်ကုတင်ကိုထောက်မှီကာ ပျော့ညံ့ဟန်မပြချင်၍ ကိုယ်တစ်ပိုင်းမတ်ကာ တိုးကပ်သွားရင်း အနမ်းတို့ပေးမိသည်။

"ကျောင်းကော။"

ရှဲ့ယွီ၏ အဆုံးသတ်လေသံကအနည်းငယ်ကွဲအက်နေလျက် တစ်ခေါက်ထပ်ခေါ်လာပြန်၏။

"ကော။"

ဟယ့်ကျောင်း ကိုယ်အောက်ပိုင်းကဘောင်းဘီမှာ အစောကတည်းက ရှဲ့ယွီကြိုးဖြေပြီးဖြစ်ရာ ခါးထက်လျော့ရဲရဲလျှောကျနေလျက်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now