အခန်း(၁၀၃)

Start from the beginning
                                    

တံခါးသာခြားလို့နေရာ ရှဲ့ယွီလည်း မတတ်နိုင်စွာအသက်အားခပ်ဖွဖွသာရှူရှိုက်ရဲ၏ ၊ တစ်ကိုယ်လုံးက အာရုံကြောအကုန်မှာဆတ်ဆတ်ထိမခံနိုင်သည့် အနေအထားမှာရှိနေလေသည်။ သူ့ခါးထက်ရှိ ဟယ့်ကျောင်းလက်က တဖြည်းဖြည်းအပေါ်သို့ရောက်လာလျက် ထိုသူထိတွေ့သွားသည့်နေရာတိုင်း အနွေးဓာတ်တို့ကျန်ရစ်ခဲ့၏။

"မင်းမာနေပြီ။"

ရှဲ့ယွီမျက်ဝန်းအသာဖွင့်လိုက်ချိန်မှာတော့ သူကိုက်ထားခြင်းကြောင့် ခပ်ထင်းထင်းအရာထင်ကျန်နေသည့် ဟယ့်ကျောင်းနှုတ်ခမ်းသားအားမြင်တွေ့ရလျက် လေသံတိမ်တိမ်ဖြင့်ဆိုလိုက်ပါသည်။

"မင်းလည်းဘာထူးလို့လဲ။"

အရင်တစ်ခေါက်တုန်းက အတွေ့အကြုံက သိပ်မကောင်းခဲ့သော်ငြား။

နှစ်ဦးသားအတွက်က ပထမဆုံးအကြိမ်လည်းဖြစ်ရာ ဟယ့်ကျောင်းဘက်က ကောင်းကောင်းအပေးအယူမတတ်ခဲ့သလို သူ့ဘက်ကလည်း စိတ်ကိုလျှော့ချထားခြင်းမရှိခဲ့တာပါ၏။

သို့တိုင် သွေးဆူလွယ်သည့်အရွယ်လေးတွေဖြစ်ရာ အချိန်ကြာသည်အထိတော့ ထိန်းချုပ်မထားနိုင်ကြ ၊ ဆော့ကစားမိသည်နှင့် မီးပွင့်လာတတ်ကြသည်သာ။

ဟယ့်ကျောင်းကတော့ စိတ်ပူမိရစဲ ၊ သိသင့်သည့်ဗဟုသုတအကုန် အွန်းလိုင်းကနေအစောကတည်းက လေ့လာပြီးဖြစ်ပေမယ့် လက်တွေ့လုပ်တာနဲ့က ပြဒါးတစ်လမ်းသံတစ်လမ်း။

"တကယ်ကြီး အရမ်းနာတာလား?"

ရှဲ့ယွီဆိုတာက ငယ်ငယ်ကတည်းက ဒဏ်ရာရတောင် မျက်မှောင်တစ်ချက်ကြုတ်ခြင်းမရှိသူ ၊ အနာခံနိုင်ရည်စွမ်းအတော်လေးရှိလှ၏။ အရင်တစ်ခေါက်တုန်းက နာသည်ဟုဆိုမိရခြင်းရဲ့ အဓိကအကြောင်းအရင်းက တစ်ညလုံးဘယ်လိုမှကောင်းကောင်းမအိပ်ခဲ့ရ၍ စိတ်မကြည်ဖြစ်နေတာကပိုဆိုးခြင်းကြောင့်ပင်။

"ရပါတယ်။"

"တကယ်တော့ ကိုယ်လည်းနာတယ်ရယ်။"

ဟယ့်ကျောင်းလည်း အနေရခက်စွာ ချောင်းတစ်ချက်ဟန့်မိရင်းမှ ဆိုလိုက်ပါသည်။

"မင်းကအရမ်းကျပ်နေတာ။"

ဟယ့်ကျောင်းပြောအပြီးတွင် ရှဲ့ယွီကအင်္ကျီပင်ချွတ်ပြီးနေပြီဖြစ်လျက် လက်ကဟယ့်ကျောင်းခါးနားတွင်ရှိကာ သူ့ဘောင်းဘီကြိုးအားဖြေဖို့လုပ်နေ၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now