အပိုင်း ၁၂၆

Start from the beginning
                                    

တစ်မိနစ်အတွင်းပင် သူတို့အနောက်ကို လိုက်နေသည့် လူငါးယောက်ခြောက်ယောက်လောက်က မြေပြင်ပေါ်တွင် အော်ညီးကာ မထနိုင်ဖြစ်နေသည်။

လူများ မြေပြင်ပေါ် ကျသွားသည်နှင့် ချောင်ရန်ကျွယ် လက်ယမ်းလိုက်ကာ အနက်ရောင်ဝတ်လူများက အခြားတစ်ဖက်ကနေထွက်လာသည်။

ရှရှီပေ ထိုလူများကြောင့် လန့်သွားပြီး သူမလက်ထဲက အုတ်ခဲနှင့် သူတို့ကို ထုတော့မိမလိုပင်။

"ဆရာ!"

လူသစ်များက မြန်မြန် ရပ်လိုက်ပြီး ရှရှီပေအနားကို မကပ်ရဲ။

သူတို့ ရှရှီပေ၏ လှုပ်ရှားမှုတို့က ဘယ်လောက်ထိ ရက်စက်လဲဆိုတာကို သေသေချာချာ မြင်နေရသည်။

အုတ်ခဲများက သူမလက်ထဲ ကခုန်နေသလိုပင်!

ထိုဂန်းစတားများက ၁.၈မီတာရှည်ပြီး ထောင်ထောင်မောင်းမောင်း ကြမ်းကြမ်းတမ်းတမ်းတွေပင်! သို့ပေမယ့် သူမ သူတို့တစ်ယောက်ဆီတိုင်းကို အုတ်ခဲဖြင့် ထုချနိုင်သည်!

ဤကလေးမက ရက်စက်တာဘဲ!

သူတို့ သူမအနားကို မကပ်ရဲ အထူးသဖြင့် ရှရှီပေ လက်ထဲက အုတ်ခဲကို မြင်ပြီးပြီပင်။ ကပ်လိုက်မည်ဆိုရင် သူတို့ သေကြောင်းကြံ သူတို့ကြံနေသည်နှင့် အတူတူပင်။

အနက်ရောင်ဝတ် လူများကို ကြည့်ပြီး ရှရှီပေမျက်နှာ မှုန်သုန်သွားသည်။

အခုအချိန်ထိ သူမ ဘယ်လို မတော်တဆ ဝင်ရောမိမှန်းကို နားမလည်သေးပေ!

သူ အန္တရာယ်ကို ကြုံတွေ့ခဲ့ရတာမှမကြာသေး။ ချောင်ရန်ကျွယ် နှစ်ကြိမ်တော့ အရူးလုပ်ခံမှာမဟုတ်။

သူသာ အဲ့လောက် တုံးရင် သူက ကြောက်ရွံ့ရိုသေရသော သခင်ကြီးကျွယ်ဖြစ်မှာမဟုတ်။

ဤတစ်ခါတွင် ချောင်ရန်ကျွယ် သူ့ကိုယ်သူ အသုံးချပြီး ဤလူများကို ဤနေရာကို ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုအရာကို တွေးပြီး ရှရှီပေ သူမလာဘ်နှင့် ပတ်သက်ပြီး သံသယဝင်သွားမိသည်။

သူမ အရင်က ဆုပေါက်အောင်လုပ်ခဲ့မိလို့ ဒီတစ်ခါ ကံမကောင်းရတာလား?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now