အခန်း(4)ကလူများလည်း အလွန်အမင်းကျွဲမြီးတိုလာကြလျက် ထရပ်ပြီးကိုအော်တော့သည်။

"ဟွေးကော ကြိုးစား!"

ဒိုင်လူကြီးမှာ နားထောင်ရင်းမှ ခေါင်းနားပန်းကြီးလို့လာရသည်။

"မင်းတို့တွေ စိတ်လျှော့စမ်း ဘာလုပ်နေကြတာလဲ ၊ ဘောလုံးကစားတာလား ရန်ဖြစ်တာလား. . .  . . . ယှဉ်ပြိုင်ခြင်းကဒုတိယ ခင်မင်မှုကပထမကွ။"





လျန်ဟွေးမှာ ဟယ့်ကျောင်းကနဦးက ပြောသွားသည့် 'ဆက်ပြီးသာ စည်းကမ်းဖောက်'ဆိုတာက ဘာကိုဆိုလိုချင်မှန်းအစက နားမလည်ဖြစ်ရသည်။

ဟယ့်ကျောင်းတို့တွေ အသစ်ပြန်ဖွဲ့လိုက်တဲ့အဖွဲ့မှာ တစ်ဖက်ဘေးတွင်စုဝေးလျက် ရသလောက်အချိန်ကလေးအတွင်း နည်းဗျူဟာတွေဆင်လိုက်ကြသည်။ ပွဲထဲသို့ပြန်ဝင်လာမှပဲ ထိုစကားရဲ့ဆိုလိုရင်းကို လျန်ဟွေးနားလည်လိုက်၏ - စည်းကမ်းဖောက်လည်း ဘာလုပ်ရမှာလဲ ဆိုသည့်အနက်ပါပင်။

စည်းကမ်းဖောက်ဖို့တောင် အခွင့်အရေးရမနေဘူးမှတ်။

ဟယ့်ကျောင်း မကြာခင်ကပွဲကြည့်စင်တွင်ထိုင်ရင်း (၁၀)မိနစ်မျှကြည့်လိုက်ပြီးတာနှင့် အခန်း(4)အဖွဲ့ရဲ့အထာတွေကိုနောကျေသွားခဲ့ပြီဖြစ်သည်။

"ခဏနေကြရင် မင်းတို့လောင်ရှဲ့နဲ့ အချိတ်အဆက်မိမိပူးတွဲ ၊ သူကထိုးဖောက်ကျော်လွှားတာမှာတော်တယ် ထိုးစစ်လည်းမြန်တယ် ၊ တစ်ခုပဲ ကစားပြီဆိုကိုယ့်အဖွဲ့သားသောဘာသောစိတ်ထဲမရှိတော့ဘဲ တစ်ယောက်တည်းလှုပ်ရှားတာဆိုတော့ မင်းတို့နောက်လိုက်လျောညီထွေးပါလာလိမ့်မယ်လို့တော့မမျှော်လင့်နဲ့ မင်းတို့ကသာလိုက်လိုက်လျောလျောလုပ်. . .  . . . သူ့ကြောင့် မင်းတို့လည်းဒဏ်ရာမရမိအောင် သတိထားဦး။ ပြီးတော့ အားကစားကိုယ်စားလှယ် မင်းက ကျောနံပါတ်(၆)နဲ့လူကိုစောင့်ကြည့် ၊ ငါကလျန်ဟွေးကိုကြည့်မယ် သူတို့ကိုအသေသာဖြိုပစ်။"

ဒိုင်လူကြီးရဲ့ ကန်းနေမှုကိုကုသမရမှတော့လည်း အခန်း(4)အဖွဲ့အား စုရုံးပြီးစည်းကမ်းဖောက်မှာတွေ ထပ်မလာဖို့ကာကွယ်တားဆီးရုံသာရှိပြီး အမှတ်တွေလည်းတက်အောင် အရပြန်ယူရမည်ဖြစ်သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα