အခန်း(၉၃)

Start from the beginning
                                    

ထိုသူမှာမနိုးသေး ၊ သို့တိုင်ဆူညံသံတို့ကြောင့် အနှောက်အယှက်ဖြစ်ကာ ရှဲ့ယွီခါးထက်တင်ထားသည့်လက်မှာ မရည်ရွယ်ဘဲခပ်တင်းတင်းဖက်တွယ်လို့လာသည်။

ရှဲ့ယွီအကြည့်တို့ ထိုသူ့မျက်နှာမှ အောက်အနည်းငယ်ရွေ့မိစဉ်မှာပဲ ဟယ့်ကျောင်းလည်တိုင်ထက်စီက သိပ်မသိသာသည့်အနီမှတ်အနည်းငယ်နှင့်ကြုံဆုံကာ မနေ့ညကနဲ့ဆက်နွယ်သည့် မှတ်ဉာဏ်တို့လည်းတစ်စတစ်စပြန်ပေါ်လာခဲ့ရသည်။

. . . . . .

ထိုအရာများက သူကုပ်ဆွဲမိခြင်းကြောင့် ဖြစ်ပေါ်သောအရာများပင်။

ရှဲ့ယွီသည် ခေါင်းအုံးထက်ခေါင်းကိုနစ်မြုပ်မတတ်တိုးဝင်ရင်း တဖန်မျက်ဝန်းတို့ကိုမှိတ်ထားလိုက်၏။ မနေ့ညကပုံရိပ်တို့မှာ ရုပ်ရှင်တစ်ကားနောက်ကြောင်းပြန်သကဲ့သို့ ခေါင်းထဲဝင်ရောက်လာနေတော့သည်။

သူ့၌ကား ဘယ်သူအပေါ်ဘယ်သူအောက်ဖြစ်ရမယ်ဆိုပြီး ခံယူထားချက်မျိုးမရှိ ၊ ကိုယ်တိုင်ကအေးတိအေးစက်စရိုက်ရှိသူဖြစ်တာကြောင့် ဟယ့်ကျောင်းသာမဟုတ်ပါက အနှီလူသာမဟုတ်ပါက ထိုသို့ပြုလိုခြင်းမျိုးပင် ရှိမည်မဟုတ်လောက်။

ထပ်ပေါင်းအနေနဲ့ မနေ့ညကသောက်တာများသွားတာလည်းပါ၏။ ခေါင်းကြည်ကာအသိရှိနေသည်မှန်သော်ငြား ချုပ်ထိန်းမထားတော့လေဘဲ ဟယ့်ကျောင်းထံမှအုပ်မိုးလုပ်လို့လာခြင်းကိုသာ ခံလိုက်တော့သည်။

ခွေးရူးရဲ့ ဒုတိယမိန့်ခွန်းစတင်ပြောလာချိန်အခါမှ ဟယ့်ကျောင်းကလုံးလုံးနိုးလာလေပြီး ဆံပင်တွေကိုဆွဲဖွရင်း တိုးတိုးလေးမေးလာသည်။

"မောနင်း ဘယ်နှစ်နာရီရှိပြီလဲ?"

ရှဲ့ယွီမှာ 'မဆူနဲ့ ကိုယ့်ဘာသာကြည့်'ဟုပြောချင်မိရပေမယ့် လည်ချောင်းတစ်လျှောက်ခြောက်ကပ်နေကာ စကားသံတို့တိမ်ဝင်လျက်ရှိကြောင်းသိလိုက်ရသည်။

သူသည် ခဏမျှငြိမ်နေလိုက်ကာ အဆုံးမှာတော့ ဘာမှမပြောဖြစ်တော့ဘဲ စောင်ကိုဖယ်ကာ ကုတင်ထက်မှထလိုက်ပြီး ခြေဗလာနှင့်ပဲကြမ်းခင်းထက်ဆင်းလိုက်ပါသည်။ ကြမ်းခင်းထက်ခြေချမိသည့် တဒင်္ဂမှာပဲ စစ်ခနဲနာကာတစ်ချက်ညည်းမိရရင်းမှ အသက်ပြင်းပြင်းရှူမိရ၏။






ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now