အခန်း(၈၉)

Start from the beginning
                                    

"မင်းကောင်လေးရဲ့ လစ်မစ်အရဆို နောက်ဆယ်ပုလင်းလောက်ထပ်မော့တောင် အေးဆေးပဲ။"

". . . . . . ထိုးချင်အောင်မလုပ်စမ်းနဲ့။"

ဟယ့်ကျောင်းသည် စကားအနည်းငယ်ပြောပြီးနောက် ထပ်မပြောတော့ဘဲ မျက်ဝန်းတို့ကိုမှေးမှိတ်လိုက်၏။ ထိုအချိန်မှပဲအမှန်တကယ်ခံစားလို့လာရသည်မှာတော့ —- —- ပြီးဆုံးသွားခဲ့ပြီ ဆိုတာပင်။

အားလုံးပြီးဆုံးသွားခဲ့ပြီ။

လွတ်မြောက်သွားပြီဟု ယူဆလို့ရသလား? ဟယ့်ကျောင်းတွေးကြည့်ရာ ထိုအကြောင်းအားပြောမထွက်သည်ကိုသာ ခံစားမိရ၏။

သို့တိုင် ထိုအချိန်က လောင်ဟယ့်ဘာကြောင့် သူ့အားမတားခဲ့ဘဲ သဘောရှိသာလုပ်စေသည်ကို သူတဖြည်းဖြည်းစတင်သဘောပေါက်လာခဲ့သည်။ သူမည်သို့ပင် ပရမ်းပတာဖြစ်လျက် အဆိုးဆုံးနည်းလမ်းကိုသုံးလို့ ကိစ္စအားဖြေရှင်းသည်ကိုပင် ရပ်သာကြည့်နေခဲ့သည်။

တစ်ပါးလူဆွဲထူပေးတာနှင့် ကိုယ်ဘာသာကိုယ်ထရပ်တာက မတူညီသည့်ကိစ္စနှစ်ရပ်။





"ပြန်တော့မလား. ."

ညသည်ကာ အအေးလွန်ကဲရာ ဆက်လက်ရပ်နေပါက နောက်တစ်နေ့တွင်ဖျားပင်ဖျားနိုင်လောက်သည်မို့ ဟယ့်ကျောင်းသည်ဖက်ထားရာမှလွှတ်ကာ ပြောလိုက်ပါသည်။

"ဒီဘက်က ကားတားလို့မကောင်းဘူး ၊ ရှေ့လမ်းထိပ်ကိုသွားမှရမယ်။"

ရှဲ့ယွီသည် နှစ်စက္ကန့်မျှတွေဝေမိ၏။

သူအိမ်ကထွက်လာချိန်၌ မဒမ်ကုမှာအစောကတည်းက အိပ်ယာဝင်နေပြီဖြစ်တာကြောင့် အပြင်ထွက်မည်အားမပြောဖြစ်ခဲ့ ၊ အခုနေပြန်ပါက သန်းခေါင်ပင်ကျော်လွန်နေပြီဖြစ်ရာ လွယ်လွယ်လည်းရှင်းပြလို့မကောင်းရှိသည်။

ဟယ့်ကျောင်းက သူ့ထံတစ်ချက်လှည့်ကြည့်လာသည်။

"ဒါဆို ကိုယ့်အိမ်ပဲသွားကြမလား?"





ဟယ့်ကျောင်းအိမ်တွင် လူမရှိ။

လောင်ဟယ့်မှာ ရှေ့ရက်ကမှထွက်လို့သွားပြီး နိုင်ငံပေါင်းစုံကြားလှည့်ပတ်လို့နေကာ အိမ်ပြန်နားချိန်မှာဆို တစ်ပတ်ပင်မပြည့်။ ဟယ့်ကျောင်း၏ နှစ်ဝက်နောက်ဆုံးစာမေးပွဲအဆင့်ကိုကြည့်ပြီးလည်း ဘာမှမပြောမဆိုဘဲ စာရွက်အားစားပွဲထက်သာလျှင်တင်ကာ သူ့အားchessကစားဖို့ခေါ်လာသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now