အခန်း(၈၈)

Začať od začiatku
                                    

"မင်းဘယ်လို​တောင်စိတ်ကူးလိုက်တာလဲ ၊ မသွားသေးနဲ့ဦး ဆောင့်ကြောင့်လာထိုင် ငါတို့စကားပြောကြရအောင်။"

"ချီးကိုဆောင့်ကြောင့်ထိုင်ရမှာလား ၊ မသွားရင် ဘတ်စ်မမီတော့ဘူးကွ။"

"ဒါဆိုလည်း ငါတို့သွားရင်းနဲ့ ပြောကြတာပေါ့. ."

ကျိုးသာ့လေက ချက်ချင်းပဲအလျှော့ပေးကာ ညှိညှိနှိုင်းနှိုင်းဆိုလာသည်။

"မင်းဖြည်းဖြည်းလျှောက်။"

ကျိုးသာ့လေသည် ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းပေါင်းစုံကိုတွေးကြည့်ပြီးပေမယ့် ထိုအခြေအနေကြောင့်လို့တော့ ထင်မထားခဲ့။

နောက်ဆုံးဘတ်စ်သည်ကား (၉)နာရီတွင်ဖြစ်သည်။ ကားစောင့်နေရင်း ရှဲ့ယွီအကျဉ်းချုပ်ပြောပြပြီးနောက်မှာတော့ ကျိုးသာ့လေမှာနားထောင်ပြီးတာနဲ့ တရစပ်ညစ်ညစ်ညမ်းညမ်းတွေဆဲရေးတိုင်းထွာကာ ဖရုဿဝါစာတွေကလွဲ ကျန်တာမပြောတတ်တော့။

"ခွေးသူတောင်းစား ကျုံးမျိုးရိုးကောင်. . .  . . ."

သူသည် အစကတော့ ရှဲ့ယွီကိုဒေါသထွက်ကာ စိတ်တွေဆိုးပြီးနောက် တဖန်မအောင့်အည်းထားနိုင်ဘဲ ရှဲ့ယွီကိုယ်စားဒေါသထွက်လို့လာရသည်။

ဒေါသထွက်လွန်း၍ စီးကရက်ကိုင်ထားသည့်လက်ပင်တုန်ယင်ကာ ခေါင်းထဲအပြည့် 'ဖာ့ခ်'ဆိုသည်သာရှိတော့၏။

နေရာတင် ဟေးရွှေလမ်း၏ဆဲတဲ့နေရာမှာဆရာတစ်ဆူဖြစ်သည့်အလား စကေးတွေထုတ်ပြနေသည်ကိုဟန့်တားဖို့ ရှဲ့ယွီသည် သူ့အားတစ်ချက်ကန်ထည့်လိုက်သည်။

"တော်တော့ ကားလာနေပြီ မင်းဒီမှာပဲဝေ့မနေနဲ့ ပြန်နားတော့။ မြန်မြန်လစ်။"

ဘတ်စကားမှား လမ်းထိပ်မှဖြည်းဖြည်းချင်းကွေ့ဝင်လာပြီး သူတို့ရှိရာကားမီးရောင်ကတည့်တည့်ကျရောက်လာ၏။

ရှဲ့ယွီသည် ကားပေါ်တက်ပြီးနှစ်လှမ်းမျှလျှောက်အပြီး၌ ကားတံခါးမပိတ်သေးခင်အခွင့်ယူကာ အပေါက်နားပြန်လှည့်ပြီး တံခါးလက်ရန်းအားကိုင်ထားရင်း ကိုယ်တစ်ဝက်ရှေ့ငိုက်လို့ပြောလိုက်သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now