အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'

En başından başla
                                    

"ရာဇဝတ်သား တဲ့လား အစ်ကိုရာ..
ကျုပ်ကပညာမတတ်ပေမဲ့
လူသားနှစ်ယောက်ကြားထဲက ချစ်ခြင်းတစ်ခုမှာ
ဥပဒေ တွေမလိုအပ်မှန်းတော့သိပါတယ်။"

"ကျောက်ခဲလေး..။"

ကျုပ်ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ အစ်ကို့ကို
တင်းတင်းကျပ်ပြန်ထွေးပွေ့ထားလိုက်တယ်။
အစ်ကို့ရဲ့မျက်ရည်တွေ ကျုပ်ပုခုံးပေါ်ကိုကြွေဆင်းခဲ့တာဒုတိယမြောက်အကြိမ်မြောက်ဖြစ်တယ်။

"ကိုယ်တို့ လက်ထပ်ကြရအောင် ကျောက်ခဲ။"

"ဗျာ...!။"

'သိင်္ခ'ရဲ့ အက်ကွဲနေတဲ့အသံက လေထုထဲမှာ
ပျံ့လွင့်လာတယ်။

မမျှော်လင့်ဘဲကြားလိုက်ရတဲ့ စကားသံကြောင့်
'ကျောက်ခဲ'မှာ အချိန်တစ်ခုအထိကို ကြက်သေသေသွားရတဲ့အထိ။

"ကိုယ်မင်းကို လက်ထပ်ဖို့အထိရည်ရွယ်ထားတယ်
ကျောက်ခဲ။ မင်းကရော ဆန္ဒရှိရဲ့လား။"

ကမ္ဘာကြီးက ရပ်တန့်လို့သွားသလိုမျိုး
အချိန်တစ်ခုထဲမှာပဲ ပိတ်မိနေခဲ့တယ်။
နားဖျားမှာဝေ့ဝဲနေတဲ့ 'လက်ထပ်ရအောင်'ဆိုတဲ့
စကားက ကျုပ်အတွက်အိမ်မက်ဆန်လွန်းလို့
အမှန်တကယ်လားဆိုတာတောင် ဝေခွဲမရတဲ့အထိပဲ။
အစ်ကို ဘာကြောင့်ဒီလိုစကားကိုဆိုရတာလဲ။

"ကိုယ်ဒီစကား ကိုပြောဖို့သေချာစဉ်းစားနေခဲ့တာ
ကြာပြီ၊ ကိုယ်မင်းနဲ့ဘဝတစ်ခု ထူထောင်ဖို့အထိ
ဆန္ဒရှိတာမို့ ဒီလိုအချိန်မျိုးမှာ ကိုယ်မင်းကိုအသိပေး
သင့်တယ်ထင်လို့ပါ။ကိုယ်ကံကြမ္မာကိုမယုံကြည်ဘူး'ကျောက်ခဲ' လက်ရှိအချိန်ကိုပဲသေချာအောင်ကိုယ်တည်ဆောက်ချင်တယ်။"

"....."

တစ်ဖက်လူကတည်ငြိမ်စွာနဲ့အပြင်ကိုသာငေးကြည့်
လို့နေတာကို 'သိင်္ခ'တွေ့ရပြန်တော့ ခပ်ယဲ့ယဲ့လေးသာ
ပြုံးမိတယ်။

တိတ်ဆိတ်လွန်းတယ်၊ ဒီလောက်အထိတိတ်ဆိတ်
သင့်လားလို့ သူမေးပစ်လိုက်ချင်ပေမဲ့။ ဒီကိစ္စမှာတော့တစ်ဖက်လူကို သူဖိအားမပေးချင်ပြန်ဘူး။
အရမ်းရုတ်တရက်ဆန်လွန်းနေတာကိုသိပေမဲ့လဲ
ဒီတစ်ယောက်ကိုသာ လက်လွှတ်ရမယ်လို့တွေးမိရင်
အရူးတစ်ယောက်လိုပြောင်းလဲသွားရတာ
ကိုယ့်ကိုကိုယ်အသိဆုံး။ တကယ်ပဲ ဘာလုပ်ရမလဲလေ။

"Dear Kyauk Khal"(Complete)Hikayelerin yaşadığı yer. Şimdi keşfedin