အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'

Start from the beginning
                                    

အဲ့ဒီ​​နောက်မှာတော့သူလဲ
တစ်ဖက်ကောင်ငယ်လေးရဲ့ လက်ထဲက
တဘတ်ကိုလှမ်းယူလိုက်​ပြီးဆံပင်ရှည်တွေကို
ခပ်ဖွဖွ သုတ်ပေးနေလိုက်တယ်။
အရင်တုန်းကဆို ဒီကောင်လေးက
သူ့ဆံပင်နဲ့ သူ့သျှောင်ကို သိပ်တန်ဖိုးထားတယ်လေ၊
စစချင်းမေးကြည့်တုန်းကဆို ငြင်းပစ်တာ မဟုတ်လား။အခုတော့ အခြေအနေတွေပဲပြောင်းလဲလာလို့လားမသိ၊ သူ့ဆံနွယ်တွေကို အသာတကြည်ပေးကိုင်လာတာမို့ သူလဲအတော်လေးသဘောကျနေရတယ်။

"ကျုပ်တောင်းပန်ပါတယ် အစ်ကို။"

'ကျောက်ခဲ'ရဲ့အသံက ခပ်အက်အက်ရယ်။

"ဘာအတွက်ကို တောင်းပန်တာလဲ
ကိုယ့်ကို စိတ်ပူအောင်လုပ်မိလို့လား
ဒါမှမဟုတ် သဝန်တိုအောင်လုပ်လို့လား။"

'သိင်္ခ'က ဆံနွယ်ခွေခွေတွေကို တဘတ်လေးနဲ့
အာရုံတစိုက် သုတ်နေရင်းကမေးလိုက်တယ်။

"အစ်ကို့ကို စိတ်မသက်မသာဖြစ်စေတဲ့
အကြောင်းအရာတိုင်းအတွက်ပါ။"

စကားကို ဟာကွက်မရှိသေချာပြောလာနိုင်တဲ့
ကောင်ငယ်လေးရဲ့စကားကြောင့် 'သိင်္ခ'မပြုံးဘဲမနေနိုင်။ ဒီကောင်လေးနှယ် ရန်ကုန်ရောက်တာဘယ်လောက်မှ မကြာသေး အတော်တောင်လည်ဝယ်နေပြီမဟုတ်လား။

"အဟား..တယ်စကားတတ်နေပါလား
ကျောက်ခဲရယ်..။"

အခန်းထဲမှာ ခပ်ကျယ်ကျယ်ပျံ့လွင့်လာတဲ့'သိင်္ခ'ရဲ့ ရယ်သံချိုချိုလေးကြောင့် 'ကျောက်ခဲ'
ရဲ့မျက်နှာလေးခမျာ ဝင်းပသွားရပြီး
တစ်ဖက်လူကိုဆွဲဖက်လို့ ပုခုံးပေါ်မေးစိလေး
မှီတင်ရင်း ခပ်တိုးတိုးပြောလိုက်လေတယ်။

"စကားတတ်တာ မဟုတ်ပါဘူး
ကျုပ်က အတည်ပြောတာပါအစ်ကို
ကျုပ်ကို စိတ်မဆိုးပါနဲ့။"

"ဟုတ်ပါပြီ...အချွဲလေးရယ်
အရင်ဆုံး ရေခြောက်အောင်သုတ်ရအောင်လား
ပြီးရင် နေ့လည်စာအပြင်မှာ သွားစားကြမယ်။"

'အမာကြည်'နှာခေါင်း သွေးလျှံတာ​လဲမပြောနဲ့လေ
ဒီကောင်လေးရဲ့​ညှို့အားက တော်ရုံမှမဟုတ်တာရယ်၊
အပေါ်စီးကမြင်နေရတဲ့သူတောင်မှ မတ်တပ်ကောင်းကောင်းရပ်နိုင်အောင်မနည်းကြိုးစားနေရ
တာကို။

"Dear Kyauk Khal"(Complete)Where stories live. Discover now