အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'

Start from the beginning
                                    

ကျုပ်လဲ ကွဲပြားတဲ့ကလေးငယ်
အုပ်စုနှစ်စုရဲ့ အကြောင်းကို အတွေးနွံ့နစ်နေတုန်း
မြင်းလှည်းလေးက လမ်းရဲ့ထောင့်တစ်နေရာမှာရပ်တန့်သွားတာကိုခံစားလိုက်ရတယ်။

"ကျောက်ခဲလေး ဆင်းလို့ရပြီနော်
ဟိုဘက်မှာ ကိုယ်တို့ဓာတ်ရထားသွားစောင့်ကြမယ်။"

ကျုပ် အစ်ကို့စကားအတိုင်းမြင်းလှည်းပေါ်က
နေဆင်းလိုက်တယ်။ လူတွေ၊ ရထားလုံးတွေ၊ လန်ချားတွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ လမ်းမကြောင့် အစ်ကိုက စိတ်မချဟန်နဲ့ကျုပ်လက်လေးကိုဆွဲပြီး လမ်းကူးလိုက်တယ်ဗျ။

"ကိုယ့်လက်ကို သေချာကိုင်ထားနော်
ကျောက်ခဲလေး..။"

အစ်ကိုက သတိပေးလာတာမို့ကျုပ်လဲ
အစ်ကို့ကိုခေါင်းညိတ်ပြလိုက်တယ်။ နက်ပြာရောင်တိုက်ပုံကြောင့် ပိုပြီးထင်ရှားနေတဲ့နောက်ကျောပြင်ကကျွန်တော့်အတွက်တော့ နွေးထွေးတဲ့တံတိုင်းကြီးတစ်ခုလိုပါပဲ။ ကျုပ်လဲ အညှို့ခံထားရတဲ့
လူတစ်ယောက်လို အစ်ကို့ရဲ့အနောက်ကနေ
အလိုက်သင့်လေးလျှောက်လာခဲ့လိုက်ရတယ်။

ငယ်ရွယ်စဉ်ဘဝကတည်းက
မိသားစုနဲ့ညီမငယ်လေးကို
ကာကွယ်စောင့်ရှောက်ဖို့သင်ကြားခံခဲ့ရတဲ့ ကျုပ်က​ကြီးပြင်းလာတော့လဲမိသားစုအပြင်၊ ချစ်ခင်ရတဲ့ရွာလေးနဲ့ကလေးငယ်တွေကို အမြဲတမ်းဦးဆောင်​ပြီးကာကွယ်ပေးရတဲ့သူဖြစ်ခဲ့တယ်။

အမှန်တော့ ဒီလိုမျိုးကာကွယ်အလေးပေးခံရတယ်ဆိုတာကျုပ်အတွက်တော့ငယ်ရွယ်စဉ်ဘဝမှာကျန်ခဲ့တဲ့ အိမ်မက်လေးတစ်ခုလိုပါပဲ။အစ်ကိုနဲ့တွေ့မှသာ ကျုပ်ဒီလိုမျိုးပြန်ခံစားဖူးတာ။ ကျုပ်အပေါ်ထားတဲ့အစ်ကို့ရဲ့မေတ္တာတွေ၊ အလေးပေးမှုတွေက ကျုပ်နှလုံးသားကို သိမ်းပိုက်သွားနိုင်တဲ့အထိပဲလေ။

ကျုပ်အစ်ကို့ကို သိပ်ချစ်တယ်၊ အစ်ကိုကျုပ်ကို
အနာဂတ်မှာ ဒီလိုမျိုးဂရုမစိုက်တော့ရင်တောင်
ကျုပ်အစ်ကို့ကို ဆက်ချစ်နေမိဦးမှာပါ။

"Tin...Tin...!"

'ကမ်းနားလမ်း'ဘက်ကနေတက်လာတဲ့ ဓာတ်ရထား
လေးဟာ အချက်ပေးသံပြုလျက် ဂိတ်လေးရဲ့ရှေ့မှာရပ်တန့်လို့လာတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now