အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"

Start from the beginning
                                    

တစ်စုံတစ်ခုကို အာရုံစိုက်နေပြီဆို အလိုအလျောက်ရှေ့ကို ရောက်လာတဲ့နှုတ်ခမ်းပါးလေးတွေနဲ့ မျက်လုံးတောက်တောက်လေးတွေက ပန်းချီကားတစ်ချက်လိုပဲ သူ့ရင်ထဲကအဆိပ်အတောက်တွေကိုပျက်ပြယ်သွားစေတယ်။ဒါကြောင့် 'သိင်္ခ'လဲအချိန်တွေထပ်ဆွဲမနေတော့၊ အောက်ထပ်ကိုခပ်သွက်သွက်လေးဆင်းလာလိုက်ပြီး'ကျောက်ခဲလေး'ဆီကိုလျှောက်လာရင်းလှမ်းခေါ်လိုက်တယ်။

"ဟန်နီ(Honey)။"

'ကျောက်ခဲ'တစ်ယောက်မှာတော့ ဘယ်သူ့ကိုခေါ်မှန်း
မသိတာကြောင့်သစ်ရွက်တွေကိုညှက်နေရာကနေ
အနောက်ကိုလှည့်ပြီး မျက်လုံးဝိုင်းတွေနဲ့
လိုက်ရှာလေတော့တယ်။

"ဟန်နီ ကဘယ်သူလဲ အစ်ကို
ဒီနားမှာ ကျုပ်တစ်ယောက်တည်းရှိတာပါ။"

တစ်ဖက်လူရဲ့စကားကြောင့် 'သိင်္ခ'လဲ
နှုတ်ခမ်းကိုလက်သီးလေးနဲ့ကွယ်ပြီး
ရယ်လိုက်မိတော့တယ်။

" ဟန်နီ ဆိုတာ မင်းလေးကိုခေါ်တာလေ
ကျောက်ခဲရယ်။"

"ကျုပ်နာမည်က 'ကျောက်ခဲ'ပါ
'ဟန်နီ ' မဟုတ်ပါဘူး။ကျုပ်တစ်သက်မယ်
ဒီနာမည် ခုမှပဲကြားဖူးတော့တယ်။"

"အဟား..မင်းလေးဟာလေ..
ကိုယ်က ချစ်စနိုးနဲ့ခေါ်တာပါ 'ဟန်နီ' လို့။
မင်းက ကိုယ့်ကို 'ဒါလင်' လို့ပြန်ခေါ်လေ
မကောင်းဘူးလား။"

'သိင်္ခ'ကသဘောတကျနဲ့ရယ်မောရင်း
'ကျောက်ခဲ'ကိုချိုအီနေတဲ့အသံနဲ့ပြောလိုက်တယ်။

"အဲ့တာက ဘာအဓိပ္ပါယ်လဲ။"

'ကျောက်ခဲ'ကစ်ိတ်ဝင်စားသလို မျက်မှောင်လေး
ကျုံ့ပြီးမေးလေတော့ 'သိင်္ခ'က 'ကျောက်ခဲ' ရဲ့
နှုတ်ခမ်းကိုဖြတ်ခနဲ နမ်းရင်းဆိုလေတယ်။

"အဲ့တာ ချစ်သူ၊ ရည်းစား၊ ဇနီးမောင်နှံတွေကြားမှာ
သုံးတဲ့ အခေါ်အဝေါ်ပေါ့။ကိုယ်တို့နှစ်ယောက်တည်း
ရှိတဲ့အချိန်ကြရင် ခေါ်ကြမယ်လေ။"

"......"

'ကျောက်ခဲ 'ကတစ်စုံတစ်ခုကိုတွေးတောနေဟန်နဲ့
ငြိမ်သက်လို့နေပြန်တာကြောင့် 'သိင်္ခ'ရဲ့မျက်နှာလေး
ညှိုးကျသွားရတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now