အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"

Start from the beginning
                                    

အိမ်အောက်ထပ် ရဲ့ ညာဘက်တစ်ခြမ်းလုံးကိုတော့
မှန်သားတို့ဖြင့်ကာရံထားကာ စံပါယ်ဖြူတွေနဲ့
နှင်းဆီနီတို့ရဲ့အလှကို မျက်စိတစ်ဆုံးမြင်နိုင်စေရန်
စီမံထားပြီး၊ မှန်ပြတင်းတွေရဲ့မျက်နှာချင်းဆိုင်မှာ
မီးလင်းဖိုတစ်ခုလဲရှိကာ ထိုမီးလင်းဖိုရှေ့၌
ကုလားထိုင်အသေးလေးနှစ်ခုကိုလဲချထား
လေတယ် ။

'ကျောက်ခဲ'တစ်ယောက်မှာတော့ နွေးထွေးလှတဲ့
အခန်းလေးကိုကြည့်ပြီးသဘောကျလို့နေရတယ်။
သူသဘောအကျဆုံးက မှန်တွေပဲရွှေအိုရောင်
နေရောင်ချည်လေးတွေ မှန်ပြတင်းပေါ်ကနေဖြာကျနေတာက အတော်လေးကိုကြည့်လို့ကောင်းတယ်လေ။

"သဘောကျတယ်မလား။
ပြီးရင် အဲ့ဒီနေရာလွတ်လေးမှာ ပီယာနို
ထားမှာလေ။"

'သိင်္ခ'က 'ကျောက်ခဲ'ကိုအနောက်ကနေသိုင်းဖတ်
လိုက်ကာ ပုခုံးပေါ်မေးစေ့လေးတင်ပြီး ပြောလိုက်တယ်။ဒီကောင်လေးကို အခုလိုလွတ်လွတ်လပ်လပ်
မဖတ်ရတာဘယ်လောက်ကြာနေပြီလဲ။

"ပီ...ယာ...နို အဲ့တာကဘာလဲဟင်။"

"အဟား လာရင်သိရမှာပေါ့
ကျောက်ခဲလေး သဘောကျမှာပါ။"

'သိင်္ခ'ကသဘောတကျရယ်ပြောလိုက်ပြီးနောက်
'ကျောက်ခဲ' ရဲ့ တိုက်ပုံအင်္ကျီက ကြယ်သီးတွေကို
ဖြုတ်ပေးနေလိုက်တယ်။

"ကိုယ်တို့ ရေအတူချိုးရအောင်
အနောက်ဘက်မှာ အုတ်စည်ကန်လေးတစ်ခုရှိတယ်။"

'သိင်္ခ' က လည်ကတုံးအင်္ကျီလေးရဲ့
နောက်ဆုံးကြယ်သီးလေးကိုဖြုတ်ပြီး
အဝေးသို့ပစ်လွှင့်ရင်းပြောလာတော့ 'ကျောက်ခဲ'ရဲ့
ကိုယ်လေးဟာရှိန်းခနဲ၊ဖိန်းခနဲ။

အဆီပိုမရှိကျစ်လစ်လို့နေတဲ့ ကျန်းမာသန်စွမ်းသော
ထန်းလျက်ရောင်အသားအရည်ဟာ'သိင်္ခ'ရဲ့ဖြူသွယ်သွယ်လက်ချောင်းတွေရဲ့ပွတ်သပ်မှုအောက်မှာမီးတမျှပူလောင်လို့လာရတယ်။

လက်ချောင်းသွယ်တွေဟာ ခပ်ရေးရေးပေါ်နေတဲ့ကြွက်သားမြှောင်းလေးတွေအပေါ်ရောက်သွားခဲ့ပြီး
နောက်၊ သူ့ခန္ဓာကိုယ်နဲ့သူ အံဝင်ခွင်ကျဖြစ်နေကာ
လက်တစ်ဖက်နဲ့ အပြည့်ဆုပ်ကိုင်ထားလို့ရတဲ့မာကျစ်ကျစ် ခါးလေးဆီကိုရောက်သွားရပြန်တယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now