အခန်း(၈၇)

Start from the beginning
                                    

သူနှင့် လေကျွင့်မှာ ကျောင်းရှိဆရာ/မများခေါင်းအကိုက်ရဆုံး စာညံ့သည့်ကျောင်းသားနှစ်ယောက်။ အထူးသဖြင့်လေကျွင့် အလယ်တန်းကတည်းကပြဿနာရှာလွန်းသူဖြစ်ပြီး ကျောင်းပြင်ပ၌လည်း ဂိုဏ်းအဖွဲ့သားများရှိလေရာ ကိစ္စတစ်စုံတစ်ရာပေါ်တိုင်း ထိုသူ့ကိုသာသံသယဝင်ကြသည်။

"တကယ် ကျွန်တော်ရိုက်တာမဟုတ်ဘူးလို့. ."

လေကျွင့်သည် ဘေးတွင်ရပ်နေလျက် မျက်မှောင်ကြုတ်ကာ စိတ်မရှည်တော့စွာဖြင့်တတိယအကြိမ်မြောက်ပြောလိုက်ပါသည်။

"အကြောင်းမရှိဘဲနဲ့ ကျွန်တော်က သူ့ကိုဘာကိစ္စသွားရိုက်ရမှာလဲ ၊ ကျွန်တော်သာရိုက်ရင် ဝန်မခံဘဲမနေဘူး အဲ့အချိန်တုန်းက ကျွန်တော်နဲ့အာ့လေက အင်တာနက်ဆိုင်မှာ. . .  . . ."

အတန်းပိုင်ဆရာမှာ စားပွဲကိုရိုက်ချပစ်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်အော်ပြောလာတော့၏။

"—-  —- မင်းမဟုတ်ရင် ဘယ်သူရှိဦးမှာလဲကွ။"

"ဆရာ။"

ဖောင်အား ဟယ့်ကျောင်းက စားပွဲထက်တင်လိုက်သည်ကို ဖန်းရှောင်လေကြည့်နေမိရင်းမှ တစ်ဆက်တည်းဟယ့်ကျောင်းပြောလာသံကိုပါကြားလိုက်ရသည်။

"အခုလိုပြောတာတော့မကောင်းဘူးနဲ့တူတယ် ၊ ရှေ့အပတ်သောကြာတုန်းက ကျွန်တော်လည်းရှိတယ် ကျောင်းမျက်နှာချင်းဆိုင်ကလမ်းကြားလေးထဲဝင်လိုက်ရင်ရောက်တဲ့ဆိုင်မှာပဲ။"

"မင်းကအင်တာနက်ဆိုင်ကို ဘာသွားလုပ်တာလဲ. ."

အတန်းပိုင်ဆရာမှာ နင်လို့သွားရရင်းမှ ထိုစာတော်သည့်ကျောင်းသားအတွက် ဆင်ခြေရှာလို့ပေးလိုက်မိသည်။

"စာနဲ့ပတ်သက်တဲ့အချက်အလက်တွေသွားရှာတာလား?"

ဟယ့်ကျောင်းက တဲ့တိုးပဲဆိုချေသည်။

"ဂိမ်းသွားဆော့တာလေ။"

". . . . . ."

ထိုအထိတွေးလာခဲ့ပြီးနောက် ဖန်းရှောင်လေသည် ခရီးဆောင်အိတ်အားဆွဲကာ ရှေ့သို့နှစ်လှမ်းမျှတိုးလျှောက်လိုက်ရင်း ပြောချင်တာတွေတော့အများကြီးရှိပေမယ့် အဆုံးတွင်တော့ဤသို့သာပြောလိုက်တော့သည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now