အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''

Start from the beginning
                                    

"ဟဲ့...ငကျောက်ခဲ
ဘာကိစ္စထင်းတွေပေါက်နေတာတုံး
ရေမိုးချိုးပြင်ဆင်ချည်တော့။
မဟုတ်ရင်နောက်ကျလိမ့်မကွယ့်။"

"ရပါတယ် အမရာ...ကျုပ်ဒီထင်းပုံလေးကို
တော့ ပြီးအောင်ခွဲခဲ့ပါရစေ။"

သားအဖြစ်သူရဲ့ ညှိုးငယ်နေတဲ့အသံလေးကြောင့်
သူ(မ)သက်ပြင်းအသာချရင်းပြောလိုက်တယ်။

"စိတ်မချ ဖြစ်နေတာမို့လား။"

"......"

"မင့်မရှိရင် ဒီထင်းတွေကိုဘယ်သူပေါက်မလဲ
အဘက ခါးမကောင်းဘူး...ရေဘယ်သူဆွဲပေးမလဲ။
နွားစာဘယ်သူစဥ်းပေးမှာလဲ၊နွားတွေဘယ်သူက
ကျောင်းမှာလဲ၊ 'ကိုရင်ဇီးကွက်'ရော ကောင်းကောင်း
ကျန်နေခဲ့ပါ့မလားနဲ့ စိတ်ပူနေတယ်မို့လား။"

"......"

"ငကျောက်ခဲ...အဲ့ပုဆိန်ချထားခဲ့
အမ နားကိုလာပါအုံး။"

'ငကျောက်ခဲ'ဆီကနေ ဘာမှတုန့်ပြန်သံမကြားတာမို့
သားဖြစ်သူကို လက်ယက်ခေါ်လိုက်ကာ အနားမှာ
လာထိုင်စေလိုက်တယ်။

ခါးကနေပွေ့ဖက်လို့ ရင်ခွင်ထဲခိုဝင်လာတဲ့ သားဖြစ်သူ
ရဲ့ဆံပင်လေးတွေကို သူ(မ)ပွတ်သပ်ပေးရင်း
ဆိုလိုက်တယ်။

"အမသားလေး စိတ်ဖြောင့်ဖြောင့်နဲ့သာသွား
ဟုတ်ပြီလား..။တစ်နှစ်ဆိုတာ ဖင်လှည့်၊ ခေါင်းလှည့်နဲ့ ကုန်သွားမှာပါကွယ်...မင့်လိုက်ချင်နေမှန်းသိလို့
အမ ကခွင့်ပြုလိုက်တာလေ။မင့်ကဒီလိုကြီးစိတ်ပူ
နေတော့သွားခါနီး၊ လာခါနီး မင်းပဲ
စိတ်မဖြောင့်ဖြစ်နေရတာမဟုတ်လား။
'ငါမရှိရင်'ဆိုတဲ့ အတွေးကိုဖျောက်ပါ
'ငကျောက်ခဲ'လေးရယ်အမတို့လဲ လုပ်နိုင်ကိုင်နိုင်တုန်းပါ။ကိုယ့်အရိုးကိုယ်သယ်နိုင်သ၍ တတ်နိုင်သမျှ လုပ်နေအုံးမှာပဲ။ရန်ကုန် မြို့ ကြီးကိုသွားနိုင်ဖို့ဆိုတဲ့ အခွင့်အရေးကဘယ်လောက်တောင်များရှားလိုက်သလဲ။တစ်ရာမှာတစ်ယောက်ရတဲ့အခွင့်အရေးကွယ့်၊ဘာကိုမှနောက်ဆံမတင်းဘဲ စိတ်ချလက်ချသာ သွားပြီးပြန်လာခဲ့ အမသားလေးကို အမကမျှော်နေမှာ။"

"အမတို့ အဘ တို့ကျန်းမာရေးဂရုစိုက်နော်
ကျုပ်သံကြိုးစာ လတိုင်းပို့ပေးမယ်...ကျုပ် တစ်နှစ်ပြည့်တာနဲ့ ပြန်လာခဲ့မယ်။"

"Dear Kyauk Khal"(Complete)Where stories live. Discover now