အခန်း(၈၆)

Start from the beginning
                                    

ရှဲ့ယွီကတော့ ဤကဲ့သို့ဆူညံလှသည့်နေရာများအား အသွားနည်း၏ ၊ ဧည့်ကြိုခန်းထဲလှမ်းဝင်လိုက်တာနှင့် သရဲညည်းသံလိုလို ဝံပုလွေအူသံလိုလိုအသံဆိုးတွေအားကြားလိုက်ရသည်။ ဘယ်သီးသန့်ခန်းက တံခါးကိုသေချာမပိတ်သည်မသိရ သက်လတ်ပိုင်းလူကြီးမှာ ဆေးလိပ်အသောက်များခြင်းကြောင့်ဖြစ်သည့် ကွဲအက်အက်လေသံဖြင့် သံကုန်ဟစ်သီဆိုလို့နေလေသည်။

ဒီKTVဆိုင်မှာ စျေးနှုန်းသင့်တင့်လှ၍ လုပ်ငန်းလည်ပတ်မှုလည်းမဆိုးဘဲရှိသည်။

ကောင်တာကလူမှာ ကွန်ပျူတာထက်အော်ဒါမှတ်ရင်း ထိုကျောင်းသားအုပ်စုအားတစ်ချက်လှမ်းကြည့်လိုက်ပါသည်။ အထက်တန်းအရွယ်လေးတွေဖြစ်ပြီး ကျောင်းသူတွေကတော့ဆံပင်ပုံစံအား ရိုးရိုးရှင်းရှင်းပဲမြင်းမြီးပုံစုချည်လို့ထား၏ ၊ ကိုယ်ထက်တွင်တော့ ဂျာကင်အရှည်တွေဝတ်လို့ထားပြီး ကျောင်းသားတွေတစ်အုပ်စုကတော့ ဘေးနား၌အော်ကျယ်ကျယ်ပြောဆိုနေကြသည်။

ဟယ့်ကျောင်းမှာ အနောက်မှနေရှဲ့ယွီပုခုံးအားဆွဲကိုင်ထားလေရာ ကြည့်ရသည်မှာဆို ရင်ခွင်ထဲထည့်ထားသကဲ့သို့ရှိလျက် တိုးကပ်၍မေးလိုက်ပါ၏။

"လောင်ရှဲ့ ၊ ခဏနေကြတစ်ပုဒ်လောက်ဆိုပါလား?"

"ချီးကိုဆို။"

"လုပ်ပါ သီချင်းဆိုလို့။"





ဟယ့်ကျောင်းမှာ အများကြီးတွေးစရာမလိုဘဲကို လက်တလောနာမည်ကြီးနေသည့် သီချင်းတွေခေါင်းထဲတန်းစီပေါ်လာ၏။ အဆုံးတွင်တော့ လူတိုင်းအကုန်ကြားဖူးမည့် နာမည်ကြီးနေသည့်သီချင်းတစ်ပုဒ်အားရွေးလိုက်ပါသည်။

"《ဝေါ်အိုက်နီ-မင်းကိုချစ်တယ်》ဆိုတဲ့တစ်ပုဒ်ကိုရလား အခုတလောနာမည်ကြီးနေတဲ့သီချင်းလေ။"

ရှဲ့ယွီမှာ ထိုအနေအထားအတိုင်းရှိနေရင်း ခေါင်းအားအသာလေးအနောက်သို့ယိမ်းလာလျက် စကားပြောစဉ်တွင် ဟယ့်ကျောင်းနားရွက်ဖျားအားမသိမသာလေးထိပွတ်လို့သွားကာ တစ်ခေါက်ထပ်မေးလို့လာသည်။

"ဘာသီချင်း?"

ဟယ့်ကျောင်းသည် အတည်ကြီးတစ်ခေါက်ထပ်ပြောလိုက်တော့မလို့ပေမယ့် ချက်ချင်းပဲစိတ်ထဲ ဒါတမင်လုပ်နေတာပဲဟုဝင်ရောက်လာခဲ့၏။ သူသည်ခေါင်းကိုငုံ့ချလိုက်ပြီး ရှဲ့ယွီလည်တိုင်ထက်မျက်နှာအပ်ကာ ခပ်တိုးတိုးဆိုမိချေသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now