အခန်း(၈၄)

Start from the beginning
                                    

"သရုပ်ဆောင်တာရပ်။"






အနှီလူမှာဆို မကြာသေးခင်ဖြေဆိုချိန်တစ်ဝက်အရောက်မှာပဲ သူ့ထံစာရွက်လှမ်းပေးလို့လာသေးသည် ၊ ထိုအထက်၌တင်တင်စီးစီးပင် စာလုံးလေးလုံးအားရေးလို့ထားရှိ၏ - တအားလွယ်တယ်။

အပြန်အလှန်ပေးရင်းမှ စကားလမ်းကြောင်းပင်ပြောင်းလို့ ပိတ်ရက်ကိုဘယ်လိုကုန်ဆုံးမလဲအားစတင်ပြောဖြစ်ကြသည်။

-ကလေးလေး ၊ ခဏနေကြရင်အိမ်တန်းပြန်မှာလား?

-မပြန်လို့ မင်းနဲ့အတူတိုးကပ်ပြီးတစ်ညထပ်အိပ်ရဦးမှာလား?

-အဲ့လိုလည်း မရတာတော့မဟုတ်ဘူးလေ။

-လစ်တော့။





မိုးအုံ့သည့်နေ့ ၊ မည်းမှောင်နေသည့်တိမ်တို့ ပြိုဆင်းကျလာတော့မယောင် ၊ နောက်ဆုံးဘာသာဖြေဆိုနေရပြီဖြစ်၍ အားလုံးလိုလိုပဲပင်ပန်းကာ စိတ်လည်းလှုပ်ရှားနေကြသည်။

ဌာနမှူးကျန်း အသံလွှင့်လာရာ၌ ထုတ်လွှင့်သံလှိုင်းကမငြိမ်ဖြစ်နေသော်ငြား ပုံမှန်သူ့အသံကြားတာနှင့်ကို ခေါင်းကိုက်လို့လာကြရပေမယ့် ယခုကြားရချိန်မှာတော့ မမျှော်လင့်ပါဘဲ ပူပန်နေစိတ်များအားငြိမ်းအေးလို့သွားစေသည်။

"စာမေးပွဲဖြေဆိုချိန် အချိန်စေ့ဖို့(၁၀)မိနစ်ပဲလိုပါတော့တယ် ၊ ဖြေဆိုသူကျောင်းသားအားလုံး အချိန်ကိုဂရုပြုကြပါ။"

စာမေးပွဲခန်းစောင့်ဆရာမှာ ဘေးတစ်တန်းကိုလျှောက်ပတ်ကြည့်လာရင်း ပါးစပ်မှလည်းသီချင်းညည်းကာလျှောက်ရင်းမှ ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်နေ၏။

ဒီတစ်ခေါက်တွင်တော့ စာမေးပွဲစောင့်က လောင်ထန်မဟုတ်တော့။ ယခုဆရာမှာ ကြပ်မတ်ခြင်းမရှိဘဲ သူတို့တွေအဖြေဖလှယ်နေကြခြင်းကိုလည်း မမြင်ချင်ယောင်ဆောင်ကာ လွှတ်လို့ပေးထားသည်။ ထိုအုပ်စုအား မျက်နှာချင်းဆိုင်ပြီးတစ်ယောက်နှင့်တစ်ယောက် အဖြေတွေကူးနေတောင် ဘယ်လောက်မှကူးနိုင်ကြမှာမဟုတ်ဟု တွေးထားလေပုံရသည်။

(၁၀)မိနစ်ဆိုသည့်အချိန်က လျင်မြန်စွာပဲကုန်ဆုံးလို့သွားလျက် အဖြေလွှာသိမ်းဖို့ရန်ခေါင်းလောင်းသံမြည်လာခဲ့၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now