အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"

Start from the beginning
                                    

သူကအခက်အခဲအားလုံးကိုရင်ဆိုင်နိုင်ပေမဲ့
'ဘိုးစည်'နာကျင်နေရမှာကိုတော့ မကြည့်ရက်ခဲ့တာမို့
စည်းကလေးခြားပြီးပဲ အပြန်အလှန်
မြတ်နိုးခဲ့ကြတာ။အဲ့ဒီစည်းလေးက သူတို့နှစ်ယောက်နဲ့အတူအရိုးမြေကျတဲ့အထိ တည်မြဲနေပါလိမ့်မယ်။

"သိပ်မြတ်နိုးပါရဲ့ ဘိုးစည်။"

တိုင်းရင်းဆေးနံ့လေး ခပ်သင်းသင်းရနေတဲ့
'ဘိုးစည်'ရဲ့ကျောပြင်လေးမှာ 'ဦး​ရွှေမောင်'
သူ့မျက်နှာလေးကိုအပ်ကာဆိုမိတယ်။

"ကျုပ်လဲ 'ကိုရွှေ'လိုပါပဲ။"

"အင်း...ဒီအတိုင်းလေးပဲ ခဏနေရအောင်နော်။"

"အင်း...ခင်ဗျားသဘော။
ဒီထပ်ကြာကြာလေးဖက်ထားပေးပါ 'ကိုရွှေ'
ကျုပ်သဘောကျတာမို့။"

ပြတင်းပေါက်ကြားကတိုးဝင်လာတဲ့ လေစိမ်းတွေဟာ
အေးစက်တာမို့ သူတို့နှစ်ယောက်လုံး
အကြားအလပ်မရှိ​စေရန် ပိုပြီးပူးကပ်လိုက်ကြတယ်။
လေစိမ်းတွေကအေးစက်ပေမဲ့ ချမ်းလွန်းတဲ့အထိတော့မဟုတ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးဟာ
ထိုလေစိမ်းလေးကိုပဲ အကြောင်းအရင်းပြုလို့မြဲမြံစွာဖက်တွယ်ထားခဲ့ကြတယ်။

ရေနံဆီမီးအိမ်လေးရဲ့ အလင်းရောင်ဖျဖျအောက်မှာ
တစ်ထပ်တည်းကျလို့နေတဲ့ အရိပ်နှစ်ခုက
အနီးဆုံးနဲ့ အဝေးဆုံးသောအခြေအနေနှစ်ခုအား
ကိုယ်စားပြုလျက်ရှိတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညပိုးကောင်တို့ရဲ့ ကျီကျီကျာကျာ
အော်မြည်သံတို့နဲ့အတူ ညမွှေးပန်းရဲ့ရနံ့တို့က
ရွာလမ်းတစ်လျှောက်မှာထုံသင်းမွှေးပျံ့လို့နေတယ်။

"ရော့... လုံမလေး ထည့်စားချည်"

'ဦးထွန်းဆောင်'က သမီးထွေးလေးဖြစ်သူရဲ့
ပန်းကန်ထဲကို​ကြက်သားတုံးလေး ထည့်ပေးရင်း
ပြောလိုက်တယ်။သူတို့ဆီကကြက်က
မြို့ကမွေးမြူရေးအသားတိုးကြက်တွေလိုမဟုတ် အရသာရှိလှတဲ့ တောကြက်၊ဗမာကြက်စစ်စစ်။
ဘာဟင်းချက်ရမလဲမသိတဲ့ 'ဒေါ်သိမ်းကြည်'
တစ်ယောက်ခမျာ ရွာစွန်က ခွေးမဲကြီးဝင်ဆွဲတဲ့ဒဏ်ရာနဲ့ဆုံးသွားတဲ့ အိမ်ကကြက်မကြီးကြောင့်တော်တော်လေးအဆင်ပြေလို့သွားရတယ်။ဗမာကြက်လေးကို ငရုတ်သီးအရှည်တောင့်နဲ့ လုံးထားပြီး အရည်စပ်စပ်လေးချက်ထားတာမို့ စားရတာလည်းခံတွင်းတွေ့ ၊' ဦးထွန်းဆောင် ' ဆို သုံးပန်းကန်
မြောက်ရယ်ပါ။

"Dear Kyauk Khal"(Complete)Where stories live. Discover now