အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"

Comincia dall'inizio
                                    

"ကိုကြီး ကိုကျုပ်ပြောစရာရှိတယ်
မေးစရာဆိုပိုမှန်လိမ့်မယ်။"

'ဇီးကွက်' ကကျုပ်ကိုခပ်စူးစူးကြည့်ပြီးပြောလာ
တော့အားလုံးကလဲသိချင်စိတ်တွေနဲ့
'ဇီးကွက်'ကိုပဲဝိုင်းကြည့်လိုက်ကြတယ်။

"ဘာမေးမလို့လဲ မေးလေ။"

ကျုပ်လဲ ဘာကိစ္စမှန်းမသိပေမဲ့ တည့်တည့်ပဲ
မေးလိုက်တော့တယ်။ 'ဇီးကွက်' ကိုကြည့်ရတာ
ကျုပ်ကိုတော်တော်စိတ်ဆိုးနေပုံပဲ။

"ကိုကြီး မြို့သွားရင်ဘယ်သူနဲ့သွားမှာလဲ
ကျုပ်ကိုကျဘာလို့မြို့ကိုမလိုက်ခိုင်းတာလဲ။"

"အော်...အဲ့တာက အစ်ကိုနဲ့သွားရမှာထင်တယ်
ဒါပေမဲ့ မင်းကိုမလိုက်ခိုင်းဖို့ ကို​ကြီး
မပြောခဲ့တာကတော့ အမှန်ပါကွာ။"

'ဇီးကွက်'ဘာကြောင့်စိတ်ဆိုး
နေလဲဆိုတာ ကျုပ်သိလိုက်ပါပြီ။
သူကြီးကကျုပ်ကိုခေါ်ပြောတဲ့အချိန်မှာပဲ
အစ်ကိုက သူနဲ့အတူသွားဖို့ပြောလိုက်တာမဟုတ်လား။ အမှန်ဆိုကျုပ်လဲ 'ဇီးကွက်'ကိုခေါ်သွားဖို့အတွက် သူကြီးနဲ့အစ်ကို့ကိုခွင့်တောင်းဖို့စဉ်းစား
ထားပြီးသားပါဗျာ။

"အဲ့တော့ ကျုပ်ကိုမခေါ်သွားတော့ဘူးပေါ့
အဲ့တာကို ကိုကြီးကတရားတယ်လို့
ထင်နေတာလား။"

"ဇီးကွက် မင်းဘာတွေပြောနေတာလဲ။"

'ကျောက်ခဲ' ရဲ့မျက်နှာက အတော်ကိုရှုပ်ထွေးနေပြီး
မျက်ခုံးတွေပါတ​ဖြည်းဖြည်းတွန့်ချိုးလာတာမို့
မပြောသင့်တာတွေပြောနေတဲ့'ဇီးကွက်'ကို
'အောင်တိုး'ကဟန့်လိုက်တယ်။

"ဒီလူလုပ်ချင်တာလုပ်နေတာကို
ကိုကြီးက ဘာမှမပြောတော့ဘူးလား...ဘာလဲ
ဒီလူက ချမ်းသာတဲ့မြို့ကြီးသားဖြစ်နေလို့လား!။"

"တော်သင့်ပြီ ဇီးကွက်။"

'ကျောက်ခဲ'က သွားကြားထဲကထွက်တဲ့လေသံနဲ့
'ဇီးကွက်'ကိုပြောလာတယ်။ယခုအချိန်တွင်တော့အမြဲတမ်းနွေးထွေးနေတတ်တဲ့သူ့ရဲ့မျက်နှာဟာ
အေးစက်စပြုနေပြီဖြစ်ပြီး၊ အသက်ကိုခပ်ပြင်းပြင်းရှူနေတာမို့သူ့ဒေါသတွေကို ဘယ်လောက်အထိထိန်းချုပ်နေရသလဲဆိုတာကို အားလုံးကထင်ရှားစွာမြင်နေရတယ်။

"Dear Kyauk Khal"(Complete)Dove le storie prendono vita. Scoprilo ora