伪装学渣
Wei Zhuang Xue ZhaUNICODE
မင်းကိုသုံးပုဒ်အကျောပေးမယ်
X Godရဲ့ လူသိရှင်ကြားchat box၌ စိန်ခေါ်ချိန်းဆိုလိုက်တဲ့သတင်းကြီးက တကယ်ကိုထိန်းမနိုင်သိမ်းမရကိုရှိနေလေသည်။ အမိနိုင်ငံရဲ့အနာဂတ်အတွက်အဓိကကျသူများတစ်စုမှာတော့ စာသင်နေချိန်၌ ဖုန်းခိုးသုံး၍စာရိုက်နေကြသည်။
အတော်ကြာပွဲဆူလို့နေပြီးမှပဲ ခက်ခက်ခဲခဲဖြင့်ငြိမ်သက်လိုက်ကြရ၏။
'ပေကျင်းတက္ကသိုလ်ကိုအောင်နိုင်ရမယ်' - မဖြစ်တော့ဘူး အတန်းတက်နေပြီ စာထဲအာရုံစိုက်ရမယ် ၊ ဘယ်အရာမှ ငါစာလိုက်နားထောင်မှာကို မတားဆီးနိုင်ဘူးကွ။
'985211' - ငါအခုဖုန်းကိုကိုင်ပြီး စာလုံးတစ်လုံးရိုက်လိုက်တိုင်း ကျောင်းနဲ့ဆရာတွေကို အပြစ်ပြုမိသလိုခံစားလာရတယ် ၊ သူတို့ရဲ့မျှော်လင့်ချက်ကို အယုံအကြည်မဲ့အောင်လုပ်မိတယ်လို့လည်း ခံစားရတယ် ၊ ဘိုင်းဘိုင် ကျောင်းဆင်းမှပဲဆက်ပြောတော့မယ်။
'ငါစာလုပ်ရတာကိုချစ်မြတ်နိုးတယ်' - ငါတို့ဒီမှာက အခုအင်္ဂလိပ်စာအချိန်. . . . . . ငါငယ်ငယ်ကတည်းကအခုချိန်ထိ အတန်းတက်နေချိန်အတွင်း ဒါပထမဆုံးဖုန်းကိုင်ဖူးတာပဲ ၊ တကယ်ကိုပဲအပြစ်ရှိသလိုခံစားရတယ်။
လက်ရှိမှာတော့ ရှဲ့ယွီသည် ခေါင်းမကြည်နေသည့်အခိုက်အတန့်၌ ကိုယ့်ကိုယ်ကိုယ်တွင်းကြီးတစ်ခုတူးမိပြီး ယခုတော့ထိုတွင်းထဲကျကာဒီအတိုင်းနေနေရုံသာတတ်နိုင်သလို ခံစားလာရသည်။
အင်္ဂလိပ်ဆရာမက အရင်ဆုံးအားလုံးအားယနေ့သင်မည့်ထဲက ဝေါရဟာများကိုတစ်ခေါက်ရွတ်ဖတ်ခိုင်းလာသည်။ ပြီးနောက် မှတ်မိစေအောင် အချင်းချင်းအပြန်အလှန်ဖတ်ခိုင်းထားပြီး တစ်ဖက်လှည့်၍ကျောက်သင်ပုန်းထက် ခေါင်းစဉ်ကိုချရေးနေ၏။
အတန်းထဲ အသံကျယ်ကျယ်ရွတ်ဖတ်နေချိန်မှာပဲ ရှဲ့ယွီသည်ဖုန်းကိုပိတ်လိုက်ပြီး 'ဒုန်းခနဲ'ခုံစောင်းတွင်းပြန်လို့ပစ်ထည့်ပစ်လိုက်သည်။
အသံကခပ်အုပ်အုပ်ဖြင့် သိပ်တော့မကျယ်သွား။
ဟယ့်ကျောင်းက ခေါင်းငုံ့၍ဂိမ်းဆော့နေတာဖြစ်ပြီး ဂိမ်းကသေရေးရှင်ရေးအရေးကြီးအခန်းရောက်လို့နေခိုက် ထိုအသံကိုကြားလိုက်ရသည်။ စာအော်ဖတ်နေကြသံများကြောင့် ရှဲ့ယွီကဆူ၍အိပ်မပျော်ဘူးအထင်ဖြင့် ချက်ချင်းပဲလက်တစ်ဖက်ကိုဆန့်၍ ထုံကျော၏နားပေါ်သွားရောက်အုပ်ပေးလိုက်ပါသည်။
YOU ARE READING
ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)
Teen FictionAuthor - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယောင်ဆောင်) Eng title - Fake Bad Students / Slackers ♦️|Myanmar Translation| Source - jjwxc