အခန်း(၇၁)

8.5K 1.7K 153
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

ဘယ်သူမလာလဲ မလာတဲ့သူခွေး


ရှဲ့ယွီလက်ဖဝါးမှာ အနည်းငယ်စေးကပ်ကပ်ဖြစ်ကျန်နေသေးရာ သူသည်မက်ဆေ့ချ်တစ်စောင်ကိုဖတ်လိုက်ပြီးနောက် ဖုန်းကိုဘေးသို့ချလိုက်ပြီး တစ်ရှူးနှစ်ရွက်ယူကာလက်ကိုထပ်သုတ်လိုက်ပါ၏။

ကိုယ်ထက်က ဆွယ်တာမှာဆိုမကြာသေးခင်ရေချိုးပြီးတုန်းကမှလဲဝတ်ထားတာဖြစ်သည် ၊ ထိုအင်္ကျီအနားပေါ်တွင်လည်း ထိုအရာအနည်းငယ်ကပေကျံလို့ရှိရာ ကြည့်ရင်းပင်အတော်လေး ဟိုလိုလိုဒီလိုလိုဖြစ်ရလျက် ထိုတစ်စုံတစ်ရာသောရနံ့ကလည်း အဝတ်လျှော်ဆပ်ပြာနံ့နှင့်အတူ ရောနှောပျံ့လွင့်လို့နေသည်။

ရှဲ့ယွီသည် သုတ်ဖယ်နေရင်းမှ ခုနကဟယ့်ကျောင်း၏ သူ့ကိုယ်သူထိန်းချုပ်ရခက်နေလေသည့်ပုံစံကိုပြန်လို့သတိရမိသည်။ နောက်ဆုံးအထွတ်အထိပ်သို့ရောက်ချိန်တွင်မူ သူ့ပုခုံးကိုဆွဲကိုက်လို့လာပြီး သွားချွန်ချွန်တို့က အသားထဲဖြည်းဖြည်းချင်းထိုးဖောက်ဝင်ရောက်လာ၏။

ရှဲ့ယွီ၏လှုပ်ရှားနေမှုတို့ တန့်သွားခဲ့ရပါသည်။





ထိုဂိမ်း၏ဗရုတ်သုတ်ခရှိမှုအရ နောက်ပိုင်းမက်ဆေ့ချ်တွေ့ကတော့ တရားဝင်ပွဲစဉ်များအကြောင်းပင်ဖြစ်သည်။ ဥပမာ "Question Kingပြန်လည်ရောက်လာမှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကျပန်းဖြေဆိုလို့ရမည့် လူသိရှင်ကြားထုတ်မပြထားသည့် လျှို့ဝှက်မေးခွန်းအပုဒ်(၃၀)"တို့ ၊ ဒါမှမဟုတ် "မေးခွန်းအကုန်ဖြေဆိုပြီးလျှင် ဆုချီးမြှင့်ပါမယ် ၊ ငါတို့တွေစာဆိုတဲ့သမုဒ္ဒရာကြီးထဲ ဝဲပျံလိုက်ကြရအောင်" ဆိုသည်များပင်။

ရှဲ့ယွီ သေသေချာချာသုတ်ဖယ်ပြီးနောက် ဆက်လက်ကောက်ယူလို့ကြည့်ရာ ခေါင်းစဉ်တစ်ခုမှာဆို "Question Kingအဆင့်ဆင့်ယှဉ်ပြိုင်ပွဲ off-line တွေ့ဆုံပွဲ" ဆိုတဲ့ခေါင်းစဉ်ကြီးက သူ့မျက်စိထဲဝင်ရောက်လာ၏။

". . . . . ."

-ကစားသူအဟောင်းများအတွက်ဆုချီးမြှင့်! စာလေ့လာနေစဉ်အတောအတွင်း သင်ဟာအထီးကျန်ဆန်ခဲ့ဖူးလား ၊ လမ်းပျောက်ခဲ့ဖူးလား ၊ အတူတကွကြီးပြင်းပြီး စာအတူလုပ်မယ့်အဖော်ကို ခက်ခက်ခဲခဲရှာနေရပါသလား?

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now