အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"

Start from the beginning
                                    

ဆေးဆိုရင်လဲ သူ့အသိလာရောင်းတဲ့ဆေးရွက်ကြီးကိုဝယ် ထန်းလျက်ရည်နဲ့နှပ်၊ ပြီးတော့မှ အကွင်းလိုက်လေးတွေလှီးထားတာ။အဲ့ဒီနောက် အိမ်အနောက်မှာစိုက်ထားတဲ့ဆေးရိုးပင်က ဆေးရိုးကိုလဲအကွင်းလိုက်လှီး ဆုံထဲထည့်ထောင်း မြေအိုးထဲထည့်လှော်ရတယ်။
ပြီးတော့မှ နှပ်ထားတဲ့ဆေးရွက်ကြီးနဲ့ဆေးရိုးကိုစပ်ပြီးမီးသင်းထားတဲ့ ပြောင်းဖူးဖက်ထဲလိပ်သောက်တာဗျ ။

"ကိုထွန်းဆောင် ရွှေပန်းလှက အောင်မိုး
ကသက်သာရဲ့လား။"

အမက ပြောင်းဖူးဖက်ကြီးကိုဖွာရင်း
အဘကိုမေးလိုက်တာဗျ ။'ဦးအောင်မိုး'ဆိုတာ
အဘနဲ့အမရဲ့ မိတ်ဆွေတွေပေါ့ဗျာ အရမ်း
ရင်းနှီးကြတာ။အခု'လေးလေးအောင်မိုး'က မမာလို့
အဘက သတင်းမေးပြီးပြန်လာတာဗျ။

"အင်း....အခြေအနေကတော့
မျက်လုံးခပ်လှုပ်လှုပ်ပါပဲ ရှင်မ ရယ်။"

အဘကလဲသောက်လက်စရေနွေးခွက်
လေးကို ချရင်းငေးတိငေးမှိုင်နဲ့အမကို
ပြန်ပြောလာတယ်။ အဘစကားကြောင့်
ကျုပ်ရင်ထဲမယ် ဘယ်လိုဖြစ်သွားမှန်း
တောင်မသိပါဘူးဗျာ ။'လေးလေးအောင်မိုး'က
ကျုပ်ကိုသိပ်ခင်တာဗျ။ ကျုပ်လဲဘာမှ
ဝင်မမိပြောဘဲအဘပြောတာကိုပဲ
ငြိမ်ငြိမ်လေး နားထောင်နေလိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲတော်။ "

"လယ်ထဲမှာ မြေဆွရင်းပေါက်တူးနဲ့
ခြေထောက်ကို ပေါက်မိတာတဲ့လေ။
အဲ​ကတည်းကနေ တရှောင်ရှောင်ဖြစ်ပြီး
အိပ်ရာထဲလဲတော့တာပဲတဲ့။ အနာကြီးက
ရင်းပြီးယောင်လို့ကွ..ဗမာဆရာနဲ့ပြတော့လဲ
ဆေးမတိုးဘူးတဲ့လေ။ဒဏ်ရာက ညဘက်ဆိုကိုက်တော့ သူကောင်းကေားင်းအိပ်မရဘူးတဲ့။လူကလဲ မျက်လုံးပဲရှိတော့တယ်ဒီအတိုင်းသာ ဆက်သွားရင်
မလွယ်ဘူး 'သိမ်းကြည်'ရဲ့။ "

"ရော်....ဒါဖြင့် မြို့တက်ပြီး
ဆေးရုံပြလိုက်ပေါ့တော်။သူ့သားသမီးတဒွေ
ကဘာမှမလုပ်ကြဘူးလား။"

အမကမကျေနပ်သလိုပြောလာတာဗျ။
ဟုတ်​လဲဟုတ်တာပဲလေ ဖအေကြီးတစ်ယောက်
လုံးသေရေးရှင်ရေးဖြစ်နေတာ တက်နိုင်တဲ့ဘက်က
လိုက်ကုရမှာပေါ့။

"Dear Kyauk Khal"(Complete)Where stories live. Discover now