အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"

Start from the beginning
                                    

"ကိုယ် တကယ်စိတ်မဆိုးပါဘူးကွယ်။"

မျက်နှာမကောင်းရှာတော့တဲ့ 'ကျောက်ခဲ'ကိုကြည့်ပြီး
သူခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။ သူအခုထက်
ပိုပြီးဂရုစိုက်ရတော့မှာပဲ ။

"အစ်ကို စိတ်မဆိုးတာကိုကျုပ်သိပါတယ်။"

"အင်း။"

ကောင်ငယ်လေးက သူ့ကိုပြုံးပြရင်းပြောလာမှပဲ
သူ့ရင်ထဲမှာ အရင်လိုသာယာသွားတော့တယ်။

အဲ့ဒီနောက်မှာတော့သူလဲဘဲဥဟင်းနဲ့ထမင်းလုတ်လေးကိုဝါးလိုက်ရင်း'ကျောက်ခဲလေး'ကိုကြည့်နေလိုက်တယ်။ဆန်က စားနေကျထက်မာပေမဲ့
ကောင်ငယ်လေးရဲ့မျက်နှာကိုသာမြင်နေရရင်
ကျောက်တုံးကိုပါ အမှုန့်ဖြစ်အောင်ဝါးမိမယ်ထင်တယ်။

'မင်းရဲ့ အပြုံးလေး တစ်ပွင့်က
ကိုယ်ဝမ်းသာခြင်း၊ဝမ်းနည်းခြင်းနဲ့
တိုက်ရိုက်အချိုးကျတယ် ကျောက်ခဲ။'

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကျုပ်နွားကျောင်း တော့မလို့
အစ်ကိုလိုက်ချင်လား။"

ကျုပ် 'ကိုသိင်္ခ' ကို ထန်းလျက်ခဲလေး ကမ်းပေးရင်း
မေးလိုက်တယ်ဗျ ။ နေ့လယ်လဲရောက်ပြီဆိုတော့
နွားတွေကို စားကျက်လွှတ်ရင်း ကျုပ်လဲနားလို့ရပြီလေ။

"လိုက်မှာပေါ့ ကျောက်ခဲလေးရယ်
မင်းနဲ့သာဆို နေ့တိုင်းလိုက်ခဲ့မယ်။ "

"အဟား အစ်ကိုကတော့လေ။"

'ကိုသိင်္ခ' ရဲ့စကားကြောင့် ကျုပ်သဘောတကျ
အော်ရယ်မိလိုက်တယ်။

အဲ့တာနဲ့ကျုပ်လဲ
ဝိုင်းအနောက်ဘက်တင်းကုပ်ထဲကနေ
နွားလေးကောင်ကို ထုတ်လာခဲ့လိုက်ကာ
နေအပူဒဏ်ကိုကာဖို့အတွက်အိမ်ပေါ်မှာ
ဝါးခမောက်လေး နှစ်လုံးသွားယူလိုက်ပြီး
တစ်လုံးကို'ကိုသိင်္ခ' ကိုပေးလိုက်တယ်။

"အစ်ကို့ အတွက်..
အပြင်မှာနေပူတယ်။"

"ကောင်းပါပြီဗျာ ။ "

'သိင်္ခ'ကကောင်ငယ်လေးဆီက
ဝါးခမောက်လေးကိုယူပြီးဆောင်းလိုက်တယ်။

ဒီလိုနဲ့ ကျုပ်လဲ 'ကိုသိင်္ခ' ကို
ခေါ်ပြီးတော့ နွားလေးကောင်ကို ဆွဲရင်းထွက်လာခဲ့တော့တယ်။ 'ထွန်ဖြုတ်ချိန် ' ကျော်တာတောင်
ရွာလမ်းမပေါ်မှာ ကလေးတွေက ဆော့ကောင်းတုန်းဗျာ။နေဒီလောက်ပူနေတာကစားဖို့ကိုပဲ
အာရုံရှိနေကြတယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now