အပိုင်း(၂)"ဗညားသိင်္ခ"

Start from the beginning
                                    

"သိင်္ခ သားလေး....နေမြင့်ရော့ပြီကွယ်
ထချည်တော့။"

"အင်း.."

'ဗညားသိင်္ခ'ကတစ်ချက်သမ်းရင်း ညီးညူလိုက်တယ်၊၊မနေ့ညက စာအုပ်ဖတ်တာနောက်ကျတော့အိပ်ရေးကမ၀သေး။

"ကဲ...ကဲ အပျင်းတစ်မနေနဲ့။ မေမေတို့ဒီနေ့
'စကော့ဒ်' ဘက်သွားကြရအုံးမယ်လေကွယ်၊၊
ငြိမ်းငြိမ်းကလဲသားအကြိုက် မုန့်ဟင်းခါးချက်ထားတယ်...ပြင်ဆင်ပြီး ဆင်းလာခဲ့ချည်တော့။"

"ဟုတ်ကဲ့ပါ..။"

'သိင်္ခ'က မိခင်ဖြစ်သူကို ပွေ့ဖက်ထားပြီး
အိပ်ချင်မူးတူးနဲ့ပြောလာတယ်။

"ဟုတ်ပါပြီကွယ်....ရွှတ်....။"

အဲ့ဒီအခါမှပဲ 'ဒေါ်ရွှေဇင်ညိမ်း'လဲ
သားတော်မောင်ရဲ့နဖူးလေးကို
အကြင်နာချွေပြီး အောက်ပြန်ဆင်းသွားတော့တယ်။မိခင်ထွက်သွားတာနဲ့တပြိုင်နက် 'သိင်္ခ'လဲအိပ်ရာပေါ်ကဆင်းပြီး ညအိပ်ဝတ်စုံကိုချွတ်ချလို့
ရေချိုးကန်ထဲမှာဝင်စိမ်နေလိုက်တယ်။

သူ့နာမည်က 'ဗညားသိင်္ခ' ၊ မကြာခင်ကမှ
ဘိလပ်ကနေပြန်လာခဲ့သူ။ သူ နောက်ဆုံးတော့
သံယောဇဉ်တွေအားလုံးကို
ဖြတ်ချနိုင်ခဲ့ပြီးကိုယ့်နိုင်ငံကိုယ်
အနှောင်အဖွဲ့ကင်းစွာနဲ့ပြန်လာနိုင်ခဲ့ပြီလေ။

သူတစ်ချက်ခန့်ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးအားပေးလိုက်တယ်။ တစ်စုံတစ်ယောက်ကို မေ့နိုင်ဖို့ဆိုတာ
လွယ်ကူတဲ့အလုပ်မှမဟုတ်ဘဲ ဒါပေမဲ့
သူနောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။ ကိုယ့်ဇာတိမှာ
ကိုယ့်ရဲ့ဘ၀ကို အသစ်ပြန်လည်တည်ဆောက်မယ် ၊
ကိုယ်မင်းကို မေ့ပစ်လိုက်ပြီ 'သောမက်စ် '။

အိမ်အပေါ်ထပ်ကနေ ခပ်သွက်သွက်ဆင်းလာတဲ့
သားတော်မောင်ကိုကြည့်ရင်း'ဒေါ်ရွှေဇင်ညိမ်း'
ပြုံးမိပြန်တယ်။ဘန်ကောက်လုံချည်နဲ့၊
တက်ထရွန်သား အင်္ကျီအဖြူရောင်ကို
အနက်ရောင်တိုက်ပုံနဲ့ တွဲဝတ်ထားတဲ့သားဖြစ်သူက
လူကြီးလူကောင်းဆန်ဆန်နဲ့ပြည့်စုံတာထက်ပိုလွန်းတယ်။ သားဖြစ်သူကအခုလို
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာကို
ကြည့်မိတိုင်းသူပီတိဖြစ်ရစမြဲ ။
မုဆိုးမတစ်ယောက်ဖြစ်ပေမဲ့ လူပုံအလယ်မှာ
သားလေးကိုတစ်ခါမှ မသိမ်ငယ်စေခဲ့ဘူး၊၊
လိုအပ်တာမှန်သမျှကိုဖြည့်ဆည်းပေးရင်း
အားလုံးရဲ့ထိပ်ဆုံးမှာ ရှိနေစေခဲ့တယ်။
သူအသက်ရှင်နေသမျှကာလပတ်လုံး
သူ့သားလေးကအားလုံးရဲ့အမြင့်ဆုံးမှာပဲရှိနေစေရမယ်။

"Dear Kyauk Khal"(Complete)Where stories live. Discover now